ဘင်္ဂလာဒေခ်ျ့မှ ဗုဒ္ဓဘာသာဝင်များ (ဓါတ်ပုံ- Internet) မြန်မာနိုင်ငံ ရခိုင်ပြည်နယ်ဘက်မှ ဘင်္ဂလာသို့တင်သွားလာသည့် ဗုဒ္ဓရုပ်ပွားတော် ၅၈ ဆူကို ဘင်္ဂလာဒေ့ခ်ျ နယ်စပ် အာဏာပိုင်များက ဖမ်းဆီးလိုက်သည်။၎င်းရုပ်ပွားတော်များကို ဇွန်လ ၂၉ ရက်နေ့က တက်ကနက် နယ်စပ်မြို့တွင် မြန်မာဘက်မှ တင်သွင်းလာစဉ် ဖမ်းမိခြင်းဖြစ်ကြောင်း ကော့စ်ဘဇားထုတ် Cox’s bazaar News နှင့် ကုမုဒြာ ကန်သာ သတင်းစာတို့တွင် ဖေါ်ပြသည်။
ရုပ်ပွားတော် ၅၈ ဆူ၏ တန်ဖိုးမှာ တာကာငွေ ၄၃၉၀၀ ဖိုး (မြန်မာငွေနှင့် ဆိုလျှင် ကျပ် ၄၃၉၀၀၀) ရှိပြီး သစ်သားဖြင့် ပြုလုပ်ထားသော ရုပ်ထုတော်များ ဖြစ်ကြောင်းသိရသည်။
ရုပ်ပွားတော် တင်သွင်းလာသူများကိုမူ ဖမ်းဆီးမိခြင်း မရှိကြောင်း ဆိုသည်။
ဘင်္ဂလာဒေခ်ျ့နိုင်ငံတွင် နေထိုင်နေကြသော ဗုဒ္ဓဘာသာဝင်များသည် ဘုရား ဆင်းထု၊ သင်္ကန်း၊ ကြေးစည်၊ သပိတ် စသည့် ဘာသာရေး အသုံးအဆောင် ပစ္စည်း အများစုကို မြန်မာနိုင်ငံမှ မှာယူတင်သွင်းကြရသည်။
မြန်မာ အစိုးရနှင့် ဘင်္ဂလာဒေခ်ျ့ နိုင်ငံ အစိုးရ အကြားတွင် အဆိုပါ ဗုဒ္ဓဘာသာနှင့် သက်ဆိုင်သော ပစ္စည်းများကို တင်သွင်းခွင့်နှင့် ပတ်သက်ပြီး တစ်စုံတစ်ရာ သဘောတူညီမူများ မရှိသဖြင့် မှောင်ခိုလမ်းကြောင်းမှ တဆင့် တင်သွင်းရပြီး မကြာခဏ ယခုလို ဖမ်းဆီးခံရမူများ ရှိကြောင်း သိရသည်။
No comments:
Post a Comment