Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Monday 1 July 2013

ခိုးမှုဖြင့် စွပ်စွဲဖမ်းဆီးပြီး မြစ်ထဲပြုတ်ကျ သေဆုံးသူ အမျိုးသမီး၏ ခင်ပွန်းကို တရားရုံးတင်မည်

ဓါတ်ပုံ - Heinn Htet  (facebook) ပုသိမ်၊ ဇွန် ၃၀

ရွှေ ၃၀ ကျပ်သား ပျောက်ဆုံးမှုဖြင့် ဖမ်းဆီးခံရသည့် အမျိုးသမီး ပစ္စည်းဝှက် ထားသည့်နေရာ ပြသရန် သွားရာမှ ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ ငဝန်မြစ်အတွင်း ပြုတ်ကျ သေဆုံးသွားပြီးနောက် အတူ ဖမ်းဆီးခံရသူ ယင်းအမျိုးသမီး၏ ခင်ပွန်း ဦးနန်းဝင်းကို ပုသိမ်မြို့နယ် တရားရုံးက ဇူလိုင်လ ၁၁ ရက်နေ့တွင် စစ်ဆေးမည်ဖြစ်ကြောင်း ယင်းအမှုကို လိုက်ပါ ကူညီပေး သည့် ဦးဌေးအောင်က ပြောကြားသည်။

ယင်းအမှုကို ပြစ်မှုဆိုင်ရာ အမှုကြီး အမှတ် ၁၆၁၉/၂၀၁၃၊ ပုဒ်မ ၃၈၀ဖြင့် တရားရုံးက လက်ခံ စစ်ဆေး ခြင်းဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။

အထွေထွေ ကိုယ်စားလှယ်လွှဲစာ (General Power) မတင်ရသေးသော် လည်း အမှန်တရားကို ဖော်ထုတ်လိုသည့်အတွက် စွပ်စွဲခံရသူ ဦးနန်းဝင်း ဘက်မှ အကျိုးဆောင် ရှေ့နေအဖြစ် လိုက်ပါ ဆောင်ရွက်ပေး မည်ဖြစ်ကြောင်း တရားလွှတ်တော် ရှေ့နေ ဒေါ်မြင့်သိဏ်းက ပြောကြား သည်။

စွပ်စွဲ ဖမ်းဆီးခံရသူ ဦးနန်းဝင်းက ၎င်းကို ဖမ်းဆီးထားသည့် သင်္ဘောကျင်း ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များက ညှဉ်းပန်း နှိပ်စက်မှုများ ပြုလုပ်ခဲ့သည်ဟု ဇွန်လ ၂၇ ရက်နေ့က ရဲစခန်းမှ တရားရုံးသို့ တရားစွဲဆို တင်ပို့စဉ် မီဒီယာများ ကို ပြောဆိုသည်။

မြစ်ထဲကျ သေဆုံးခဲ့သူ ဒေါ်သန်းသန်းအေးနှင့် ခင်ပွန်း ဦးနန်းဝင်းတို့ ဖမ်းဆီး ခံရမှုနှင့် ပတ်သက်၍ ဒေါ်သန်းသန်းအေး မသေဆုံးမီ အချိန်ကပင် ၎င်းတို့၏ မိသားစုဝင်များက အမှတ် (၁) ရဲစခန်း (အသည်ကြီး)၊ အမှတ် ၂ ရဲစခန်း (ကိုးသိန်း) နှင့် သင်္ဘောကျင်း ရဲစခန်းတို့ထံ ဆက်သွယ် စုံစမ်းသော်လည်း အဖြစ်မှန်ကို ပြောကြားခြင်း မရှိကြောင်း မိသားစုဝင်များ၏ အဆိုအရ သိရ သည်။

ပုသိမ်မြို့ ငဝန်မြစ် တစ်ဖက်ကမ်း သပြေပင်ကျေးရွာရှိ ဦးအုန်းသန်းနေအိမ် တွင် ရွှေ ၃၀ ကျပ်သားခန့် ပျောက်ဆုံးမှုကြောင့် မသင်္ကာ၍ ဖမ်းဆီးထား သူ ဒေါ်သန်းသန်းအေး၏ ထွက်ဆိုချက်ဖြင့် သက်သေခံပစ္စည်း ရရှိမည် ဆိုသည့်အတွက် ဇွန်လ ၁၈ ရက်နေ့ ညပိုင်းက ဒေါ်သန်းသန်းအေးနှင့် ရဲတပ်ဖွဲ့ဝင်များ ငဝန်မြစ်အတွင်း သွားရောက် ရှာဖွေရာ ပစ္စည်းများ မတွေ့ရှိ ဘဲ အပြန်တွင် မြစ်အတွင်း ခုန်ချခြင်းဖြစ်ကြောင်း အဆိုပါ အမျိုးသမီးနှင့် ခင်ပွန်းကို ဖမ်းဆီးထားသည့် ပုသိမ်မြို့နယ် သင်္ဘောကျင်း ရဲစခန်းထံမှ စုံစမ်း သိရှိရသည်။

အဆိုပါ အမျိုးသမီး သေဆုံးမှုကို ငပုတောမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးသန်းဆွေ ခေါင်းဆောင်သည့် စုံစမ်းရေးအဖွဲ့ က ဒေါ်သန်းသန်းအေး သေဆုံးချိန်က လှေပေါ်တွင် အတူလိုက်ပါလာသည့် ဒုရဲအုပ် နိုင်အောင်ကျော် အပါအဝင် ရဲတပ်ဖွဲ့ဝင် ငါးဦးနှင့် ရဲတပ်ဖွဲ့ဝင် တစ်ဦး၏ ဇနီးတို့ကို စုံစမ်း စစ်ဆေးနေကြောင်း ဧရာဝတီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ စုံစမ်း သိရှိရသည်။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့