Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Monday 8 July 2013

တောင်ကိုးရီးယားတွင် ပြုလုပ်မည့် အရှေ့အာရှ ချန်ပီယံရှစ် ဘောလုံး ပြိုင်ပွဲတွင် မြောက်ကိုရီးယား အမျိုးသမီး ဘောလုံးအဖွဲ့ လာရောက် ယှဉ်ပြိုင်မည်


အရှေ့အာရှ ချန်ပီယံရှစ် (East Asia Cup Championship) အားကစား ပြိုင်ပွဲများအား တောင်ကိုရီးယား နိုင်ငံ ၊ ဆိုးလ်မြို့တွင်
ဇူလိုင်လ ၂၀ ရက်နေ့မှ ၂၈ ရက်နေ့အထိ ကျင်းပမည် ဖြစ်ရာ  အရှေ့အာရှ ချန်ပီယံရှစ် ပြိုင်ပွဲတွင် မြောက်ကိုရီးယား အမျိုးသမီး ဘောလုံး အသင်းအား ပါဝင် ယှဉ်ပြိုင်ခွင့် ပြုရန် Korea Football Association (KFA) မှ ဇူလိုင် ၅ ရက်နေ့တွင် လက်ခံ သဘောတူလိုက်ပြီ ဖြစ်ကြောင်း သိရသည်။

ထိုသို့ တောင်ကိုးရီးယား အစိုးရမှ ခွင့်ပြုလိုက်သည့် အတွက် အဆိုပါ ပွဲစဉ်သည် ၂၀၀၉ ခုနှစ်နောက်ပိုင်း မြောက်ကိုရီးယား အသင်း၏ တောင်ကိုရီးယားသို့ ပထမဆုံး သွားရောက် ကစားသော ပွဲဖြစ်လာမည် ဖြစ်သည်။ မြောက်ကိုရီးယား အမျိုးသမီး အဖွဲ့တွင် ဘောလုံးသမား ၂၁ ဦးနှင့် သက်ဆိုင်ရာ အရာရှိ ၁၅ ဦးတို့ ပါဝင်ကြမည် ဖြစ်ပြီး ဇူလိုင် ၁၈ ရက်တွင် ဆိုးလ်မြို့သို့ ရောက်ရှိမည် ဖြစ်ကြောင်း တောင်ကိုရီးယား နိုင်ငံ၏ တောင်မြောက် ပေါင်းစည်းရေး ၀န်ကြီးဌာနမှ ထုတ်ဖော် ပြောကြားထားသည်။ ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ်(FIFA)မှ သတ်မှတ်ထားသည့် အဆင့်အရ မြောက်ကိုးရီးယား အမျိုးသမီး ဘောလုံး အသင်းသည် အဆင့် ၉ နေရာတွင် ရှိပြီး တောင်ကိုးရီးယားမှာ ၁၆ နှင့် တရုတ်မှာ အဆင့် ၁၇ ဖြစ်သည်။


source: Yonhap



No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့