Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Monday 8 July 2013

ကိုရီးယားကျွန်းဆွယ် အရေးနှင့် ပတ်သက်ပြီး မြောက်ကိုရီးယားနှင့် ရုရှားနိုင်ငံအကြား သဘောထား ကွဲလွဲမှုများ ရှိနေဆဲဖြစ်


မြောက်ကိုးရီးယား နိုင်ငံမှ စေ့စပ် ညှိနှိုင်းရေးမှူး Kim Kye-Gwan ဦးဆောင်သည့် ကိုယ်စားလှယ် အဖွဲ့သည် ရုရှားနိုင်ငံ ၊ မော်စကိုမြို့သို့
ရောက်ရှိလာပြီး ရုရှား ဒုတိယ နိုင်ငံခြားရေး ဝန်ကြီး Igor Morgulov နှင့် ဒုတိယ လက်ထောက် နိုင်ငံခြားရေး ၀န်ကြီး Vladimir Titov တို့နှင့် ၅ နာရီကြာ ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြသည်။

အဆိုပါ တွေ့ဆုံ ပွဲတွင် မြောက်ကိုရီးယားနိုင်ငံနှင့် ရုရှားနိုင်ငံတို့သည် ခြောက်နိုင်ငံ ဆွေးနွေးပွဲနှင့် ပတ်သက်ပြီး အဓိက ဆွေးနွေးခဲ့သည်။ ထို့ပြင် ကိုရီးယား ကျွန်းဆွယ် အရေးအား ဖြေရှင်းရန်အပေါ် အချို့သော အချက်များ၌ သဘောထား ကွဲလွဲဆဲ အချက်များအား အပြန်အလှန် လက်ခံနိုင်မည့် အနေအထား ရရှိလာသည် အထိ ဆက်လက် ဆွေးနွေးသွားမည် ဖြစ်ပြီး သဘော တူညီချက်များကို မကြာမီ ထုတ်ပြန်သွားမည် ဖြစ်ကြောင်း ရုရှား ဒုတိယ နိုင်ငံခြားရေး ဝန်ကြီး Igor Morgulov က ပြောကြားခဲ့သည်။  

source: CNA


No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့