Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Monday 8 July 2013

H7N9 ရောဂါ ကာကွယ်ဆေးကို စမ်းသပ် အောင်မြင်ခြင်း


အာရှတိုက်တွင် တစ်ခုတည်းသော EU-GMP-အသိအမှတ်ပြု လက်မှတ် ရရှိထားသည့် တိုင်ဝမ်နိုင်ငံ အခြေစိုက် Adimmune ကော်ပိုရေးရှင်းသည်
ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ (WHO) မှ အသိအမှတ်ပြုထားသည့် ဗိုင်းရပ်စ် အတွဲတစ်မျိုးကို ဆေးဘက်ဆိုင်ရာ စမ်းသပ်မှုများ ပြုလုပ်ခဲ့ပြီးနောက် အဆိုပါ ဗိုင်းရပ်စ်ပိုးမှ တစ်ဆင့် H7N9 ကြက်ငှက် တုပ်ကွေးရောဂါ ကာကွယ်ဆေးကို ထုတ်လုပ်နိုင်ခဲ့ကြောင်း မကြာမီ ဈေးကွက် အတွင်းသို့ ဖြန့်ချိသွားနိုင်ရန် ကြိုးပမ်းနေကြောင်း Adimmune ကုမ္ပဏီ ဥက္ကဌ Steve Chan မှ ပြောကြားခဲ့သည်။

ထို့ပြင် H7N9 ရောဂါ ကာကွယ်ဆေး၏ အကျိုးသက်ရောက်မှုနှင့် ဘေးအန္တရာယ် ကင်းရှင်းမှုကို အတည်ပြုနိုင်ရန်အတွက် ဆန်းသပ်မှုများကို ဆက်လက် ပြုလုပ်သွားမည် ဖြစ်ကြောင်း ဖြည့်စွက် ပြောကြားခဲ့သည်။  H7N9 ရောဂါ ကာကွယ်ဆေးသည် ကမ္ဘာ့ ကျန်းမာရေး အဖွဲ့ (WHO)နှင့် အမေရိကန် ရောဂါ ကာကွယ် တားဆီးရေး ဌာန၏ ထောက်ခံချက်ကို ရရှိထားပြီး ဖြစ်ရာ ဈေးကွက် အတွင်းသို့ ဖြန့်ချိရန် အဆင့်ကို အမြန်ဆုံး အကောင်အထည် ဖော်ဆောင် သွားမည် ဖြစ်ကြောင်း DOH မှ ဒုတိယ ညွှန်ကြားရေးမှူး Lin Tzou-yien က ပြောကြားခဲ့သည်။

 source: chinapost


No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့