Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Monday 8 July 2013

အိန္ဒိယနိုင်ငံရှိ ဗြမ္မာပုတ္တရ မြစ်ရေလျှံမှုကြောင့် မြို့နေလူထု တစ်သိန်းကျော် ဘေးလွတ်ရာသို့ ပြောင်းရွှေ့ နေထိုင်ရခြင်း


အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်းမှ ဗြမ္မာပုတ္တရမြစ်(brahmaputrariver)ရေလျှံမှုကြောင့် အနီးဆုံး ဖြစ်သည့် Assam ပြည်နယ် တစ်ဝှန်းတွင်
မြစ်ရေများ တိုးတက်လာခဲ့ရာ အဆိုပါ ဒေသရှိ ဒေသခံ ပြည်သူပေါင်း တစ်သိန်းကျော်မှာ ရေလွှမ်းမိုးမှုဒဏ် ခံစားနေရကြောင်း သိရှိရသည်။ ယခုဖြစ်စဉ်သည် Uttarakhand ပြည်နယ် ၊ ဟိမ၀န္တာ တောင်တန်း ဒေသတွင် ရေလွှမ်းမိုးမှု များ ဖြစ်ပေါ်ပြီး တစ်လခန့် အကြာတွင် ဖြစ်ပွားခြင်း ဖြစ်သည်။

ယခုဖြစ်ပေါ်နေသည့် ရေလွှမ်းမိုးမှုမှာ မတည်ငြိမ်သေးဘဲ စိုးရိမ်ဖွယ် အခြေအနေတွင် ရောက်ရှိနေကြောင်း ပြည်နယ် အာဏာပိုင်များက ဇူလိုင် ၆ ရက်တွင် ကြေညာထားသည်။ အဆိုပါ ရေလွှမ်းမိုးမှုကြောင့် ချိုတစ်ချောင်း ကြံ့များ ဘေးမဲ့ ထားရှိရာ အမျိုးသားဘေးမဲ့ ဥယျာဉ်မှာလည်း ရေလွှမ်းမိုးမှု ခံစားနေရပြီး ရေတမံတစ်ခုမှာ ကျိုးပေါက်ပြီး လမ်းများနှင့် တံတားများမှာလည်း ပျက်စီးလျက် ရှိကြောင်း အာဏာပိုင်များက စစ်တမ်း ကောက်ခံထားချက်များ အရ သိရှိ ရသည်။ ရေလွှမ်းမိုးမှုဒဏ် ခံစားရသော ပြည်သူများကို ဒုက္ခသည်စခန်း ငါးခုဖွင့်လှစ်လျက် ကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်လျက် ရှိသည်။

http://indiatoday.intoday.in/story/brahmaputra-floods-wreak-havoc-assam-...


No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့