Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Monday 8 July 2013

ဆန်ဖရန်ဆစ္စကို လေဆိပ် အဆင်းတွင် Asiana လေကြောင်းလိုင်းမှ ခရီးသည်တင် လေယာဉ်ပျက်ကျ


ခရီးသည် ၃၀၀ ကျော်အား တင်ဆောင်လာသည့် Asiana လေကြောင်းလိုင်းမှ ဘိုးရင်း ၇၇၇ လေယာဉ် တစ်စီးသည် အမေရိကန်ပြည်ထောင်စု
အနောက်ဘက်ခြမ်း ကယ်လီဖိုးနီးယား ပြည်နယ်၊ ဆန်ဖရန်ဆစ္စကို နိုင်ငံတကာ လေဆိပ်ကို အဆင်းတွင် ပျက်ကျမှု ဖြစ်ပွားခဲ့သည်။ အဆိုပါ ဖြစ်စဉ်တွင် အနည်းဆုံး လူနှစ်ဦး သေဆုံးသွားခဲ့ပြီး လူ ၁၃၀ ကျော်မှာ ဒဏ်ရာရရှိပြီး အချို့မှာ စိုးရိမ်ရကြောင်း ဆန်ဖရန်ဆစ္စကို မီးသတ်ဌာန အကြီးအကဲ Joanne Hayes-White မှ ပြောကြားခဲ့သည်။

Asiana လေကြောင်းလိုင်းပိုင် လေယာဉ် ခရီးစဉ် အမှတ် ၂၁၄ သည် တရုတ်နိုင်ငံ ရှန်ဟိုင်းမှ စတင် ထွက်ခွာလာခဲ့ပြီး ၊ တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့တွင် ခရီးတစ်ထောက် ရပ်နားခဲ့ကာ အမေရိကန် ပြည်ထောင်စု ကယ်လီဖိုးနီးယား ပြည်နယ် ၊ ဆန်ဖရန်ဆစ္စကို နိုင်ငံတကာ လေဆိပ်ကို အဆင်းတွင် ရုတ်ချည်း ပျက်ကျမှု ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ လေယာဉ်သည် ပြေးလမ်းကို ထူးဆန်းသည့် ထောင့်ချိုး ပုံစံဖြင့် ဆင်းလာပြီး ၊ မြေပြင်နှင့် ထိချိန်တွင် လှုပ်ခါပြီး လေယာဉ်အမြီးပိုင်း ပြုတ်ထွက်သွားခြင်း ဖြစ်ကြောင်း မျက်မြင်သက်သေများက ပြောကြားခဲ့ကြသည်။ ဖြစ်ပွားရသည့် အကြောင်းရင်းကို မသိရှိသေးသော်လည်း ယခု လေယာဉ်ပျက်ကျမှုသည်  အကြမ်းဖက် တိုက်ခိုက်မှု ပုံစံမျိုး မဟုတ်ဟု ဗဟို ထောက်လှမ်းရေး အေဂျင်စီ FBI မှ သုံးသပ်ထားပါသည်။

http://www.latimes.com/local/lanow/la-me-ln-crash-presser,0,3685211.story

 

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့