Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Monday 8 July 2013

မူပိုင်ခွင့် ချိုးဖောက်မှုဖြင့် ဘော့စတွန် တက္ကသိုလ်မှ တရားစွဲဆိုခြင်း ခံနေရသည့် Apple ကုမ္ပဏီ

မကြာသေးမီက ဘော့စတွန် တက္ကသိုလ်သည် ဂါလီယမ်နိုက်ထရိုက်ဖလင် အသုံးပြုမှု အသေးစိတ် ပါဝင်သော မူပိုင်ခွင့် ဆိုင်ရာ ချိုးဖောက်မှု တစ်ခုအတွက်
Apple အား တရားစွဲဆိုခဲ့သည်။ တရားစွဲဆိုမှုကို ဘော့စတွန် တက္ကသိုလ် အုပ်ချုပ်ရေး အဖွဲ့၏ ကိုယ်စား မက်ဆာချူးဆက် ခရိုင် အမေရိကန် ပြည်ထောင်စု ခရိုင် တရားရုံးမှတစ်ဆင့် ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။ မူပိုင်ခွင့် အမှတ် (၅၆၈၆၇၃၈)နှင့်လျှပ်ကာစွမ်းအင် မြင့်မားပြီး ပါးလွှာသော ဂါလီယမ်နိုက် ထရိုက်ဖလင်ဟု ခေါင်းစဉ် တပ်ထားသည့် ၄င်းမူပိုင်ခွင့်ကို ၁၉၉၅ ခုနှစ် တင်သွင်းခဲ့ပြီး ၊ ၁၉၉၇ ခုနှစ်တွင် ဘော့စတွန် တက္ကသိုလ်သို့ ထုတ်ပေးခဲ့သည်။

ယခုအခါ အဆိုပါ ပါးလွှာသော ဂါလီယမ်နိုက်ထရိုက် ဖလင်ကို iPhone 5၊ iPad နှင့် MacBook Air စသည့် Apple ၏ ထုတ်ကုန်များတွင် ထည့်သွင်း အသုံးပြုထားကာ ၊ အမေရိကန်ပြည်ထောင်စုသို့ ၄င်းထုတ်ကုန်များ တင်သွင်း ရောင်း ချရာတွင် မည့်သည့်ခွင့်ပြုချက် တစ်စုံတရာမျှ မပါရှိကြောင်း စွတ်စွဲ ပြောဆိုထားသည်။ Apple အနေဖြင့် ယခုကဲ့သို့ ပြုမူခြင်းသည် ကျောင်းအတွက် ကြေအေးနိုင်ဖွယ် မရှိသော ထိခိုက်မှု ဖြစ်ရပါကြောင်း တက္ကသိုလ်မှ ပြောကြားခဲ့သည်။ တစ်ဆက်တည်း တက္ကသိုလ်ဖက်မှ ဂျူရီတရား သူကြီးထံ အယူခံဝင်ထားပြီး၊ Apple ထံ ထိခိုက်နစ်နာကြေးများ တောင်းခံထားကြောင်း ၊ Samsung အားလည်း အလားတူ တရားစွဲဆိုမှု တစ်ခု ပြုလုပ်ခဲ့သည်ဟု MacRumors တွင် ဖေါ်ပြထားသည်။

http://www.technobuffalo.com/2013/07/03/boston-university-sues-apple/


No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့