Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Monday 8 July 2013

မလေးရှားမှ ပြန်လည် ရောက်ရှိ လာသည့် လုပ်သားများ အတွက် အလုပ် လျှောက်ထားမှုများ လက်ခံ လျက်ရှိ

  မလေးရှားမှ ပြန်လည် ရောက်ရှိ လာတဲ့ လုပ်သား များကို ဇူလိုင် ၁၀ ရက်နေ့နဲ့ ၁၁ ရက်နေ့ တို့မှာ အလုပ် လျှောက်ထားမှု တွေကို ဆက်လက်ပြီး လက်ခံ
သွားဖို့ ရှိတယ်လို့ အလုပ်သမား အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ၀န်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောပြချက် အရ သိရပါတယ်။ လက်ရှိ မှာတော့ လျှောက်ထား သူများထဲမှ အယောက် ၂၀၀ ကျော်ကို အလုပ်ခန့် ထားပြီး ဖြစ်တယ်လို့ သိရပါတယ်။
 

လျှောက်ထားမှု များထဲမှ အလုပ်ခန့်ထားတဲ့ လုပ်ငန်းတွေ အနေနဲ့ ကျွမ်းကျင် ဂဟေလုပ်သား၊ လျှပ်စစ်လုပ်သား၊ အထွေထွေလုပ်သား၊ ဆောက်လုပ်ရေး လုပ်သား အပြင် မုန့်ဖုတ် လုပ်သားနဲ့ ရုံးဝန်ထမ်း အစရှိတဲ့ လုပ်ငန်း အသီးသီးမှာ အလုပ်ရရှိ ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။ ယခု ထပ်မံ လျှောက်ထား ရာမှာလည်း လက်ရှိ ခန့်ထားပြီးတဲ့ ကုမ္ပဏီ ၁၄ ခုအပြင် ကုမ္ပဏီများ ထပ်တိုးဖို့ ရှိတာ ဖြစ်တယ်လို့ အလုပ်သမား အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ၀န်ကြီး ဌာနမှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောပြချက် အရ သိရပါတယ်။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့