Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Monday 8 July 2013

ငှက်ဖျားရောဂါ တိုက်ဖျက်ရေးကို အဓိက နည်းဗျူဟာ ၃ ရပ်ချမှတ် အကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိ

  ကျန်းမာရေး ၀န်ကြီးဌာန ပြည်ထောင်စု ၀န်ကြီးရဲ့ ပြောကြားချက် အရ ငှက်ဖျားရောဂါ တိုက်ဖျက်ရေး အတွက်အဓိက နည်းဗျူဟာ ၃ ရပ် ချမှတ်
အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိတယ်လို့ သိရပါတယ်။ အဆိုပါ ငှက်ဖျားရောဂါ တိုက်ဖျက်ရေး အတွက် အကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိတဲ့ အဓိက နည်းဗျူဟာ ၃ ရပ် ကတော့ ပြည်သူလူထု အတွင်း ငှက်ဖျားရောဂါ ဆိုင်ရာ ကျန်းမာရေး အသိပညာ မြင့်မားရေး အတွက် ပညာပေးခြင်း၊ ငှက်ဖျားကပ်ရောဂါ အပါအ၀င် ငှက်ဖျား ရောဂါကို မဖြစ်ခင် ကာကွယ်ခြင်းနဲ့ ငှက်ဖျား ရောဂါ ကူးစက် ဖြစ်ပွားပါက စောစီးစွာ ထိရောက်တဲ့ ကုသမှု ပေးခြင်း စတာတွေပဲ ဖြစ်ပါတယ်။
 

ဒီလို အဓိက နည်းဗျူဟာ ၃ ရပ် ချမှတ် အကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိတဲ့ အပြင် အခြား အထောက်အကူပြု နည်းဗျူဟာ အဖြစ် ကျန်းမာရေး ၀န်ထမ်းများကို အရည်အသွေး မြှင့်တင် ပေးခြင်း၊ သုတေသန လုပ်ငန်းများ ဆောင်ရွက်ခြင်း စတာတွေကို အကောင် အထည်ဖော် ဆောင်ရွက် လျက်ရှိပါတယ်။ ဒါ့အပြင် ပုံမှန် ကာကွယ် ကုသရေး လုပ်ငန်းများကို အားဖြည့် ဆောင်ရွက် ပေးခြင်း၊ ရွှေ့ပြောင်း အလုပ်သမားများမှ ငှက်ဖျား ဒေသသို့ အ၀င်အထွက် များတဲ့ နေရာများမှာ ငှက်ဖျားပိုး ရှိ၊ မရှိ သွေးစစ်ပေးခြင်း၊ တာရှည်ခံ ဆေးစိမ်ခြင်ထောင်များ ဝေငှပေးခြင်းတို့ကို ဆောင်ရွက်ပေး နေတယ်လို့ သိရပါတယ်။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့