Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Monday 8 July 2013

ပုဂံသွေးပရဟိတနှင့် သွေးလှူရှင်များ အသင်းမှ ၆ ကြိမ်မြောက် သွေး လှူဒါန်းခဲ့

ပုဂံသွေး ပရဟိတနှင့် သွေးလှူရှင်များ အသင်းမှ အသင်းသူ၊ အသင်းသား များရဲ့ ၆ ကြိမ်မြောက် စုပေါင်း သွေးလှူဒါန်းပွဲကို ဇူလိုင်လ ၇ ရက်နေ့က
ရန်ကုန်မြို့ရှိ အမျိုးသား သွေးလှူ ဘဏ်မှာ ကျင်းပပြုလုပ် ခဲ့တယ်လို့ သိရပါတယ်။ အဆိုပါ ပုဂံသွေး ပရဟိတနှင့် သွေးလှူရှင်များ အသင်း အနေနဲ့ ၄ လ တစ်ကြိမ် စုပေါင်း သွေးလှူဒါန်းတာ ဖြစ်ပြီး ယခု ၆ ကြိမ်မြောက် စုပေါင်း သွေးလှူဒါန်းပွဲ မှာလည်း လာရောက် လှူဒါန်းသူ ၃၀၀ ကျော် ရှိတယ်လို့ သိရပါတယ်။


အသင်း အနေနဲ့ ဆေးကုသမှု ခံယူနေတဲ့ လူနာများ အတွက် အရေးပေါ် သွေးလိုအပ်မှုများ ရှိလာပါက ၂၄ နာရီ အခမဲ့ လှူဒါန်း ပေးနေတာ ဖြစ်ပြီး သွေးပုလင်း စုစုပေါင်း တစ်ထောင်ကျော်ကို လှူဒါန်း နိုင်ခဲ့ပြီး ဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါ အသင်း ကိုတော့ ၂၀၁၁ ခုနှစ်မှာ စတင် ဖွဲ့စည်းခဲ့တာ ဖြစ်ပြီး အသင်းဝင် အင်အား ၅၅၀ ကျော်ရှိပြီ ဖြစ်တယ်လို့ သိရပါတယ်။ ဆက်လက်ပြီး တော့လည်း အသင်း အနေနဲ့ သွေးလိုအပ်တဲ့ လူနာများ အတွက် ၂၄ နာရီ အခမဲ့ သွေးလှူပေး သွားမှာဖြစ်ပြီး သွေးလှူဒါန်းလိုသူ စေတနာရှင် များကိုလည်း လိုအပ်လျက် ရှိတာ ဖြစ်တယ်လို့ သိရပါတယ်။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့