Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Monday 8 July 2013

Mobile Team ဖမ်းဆီးမှုမှ ကျပ်သိန်းပေါင်း ၅.၉ ဘီလီယံကျော် ရရှိခဲ့

  နယ်စပ် ကုန်သွယ်ရေး စခန်းမှ တရားမ၀င် ကုန်ပစ္စည်းများ ဖမ်းဆီးရရှိမှု များဟာ ကျပ်သိန်းပေါင်း ၅.၉ ဘီလီယံကျော် ဖမ်းဆီး ရရှိခဲ့တယ်လို့ ကူးသန်း
ရောင်းဝယ်ရေးနဲ့ စားသုံးသူ ကာကွယ်ရေး ဌာနမှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောကြားချက် အရ သိရပါတယ်။အဆိုပါ တရားမ၀င် ကုန်ပစ္စည်းများကို ဖမ်းဆီးရာ မှာတော့ အဓိက နေရာ ၆ နေရာဖြစ်တဲ့ မူဆယ်-မန္တလေး လမ်းကြောင်း၊ မြ၀တီ-ရန်ကုန် လမ်းကြောင်း၊ မူဆယ် နယ်စပ် ကုန်သွယ်ရေး စခန်း အနီး ပတ်ဝန်းကျင် နေရာများ၊ တာချီလိတ် နယ်စပ် ကုန်သွယ်ရေး စခန်းအနီး ပတ်ဝန်းကျင် နေရာများ၊ တမူး၊ ကံပိုက်တီး နယ်စပ် ကုန်သွယ်ရေး စခန်းအနီး ပတ်ဝန်းကျင် နေရာများမှာ ဖမ်းဆီးမှုများ ပြုလုပ်နေတာ ဖြစ်ပါတယ်။
 

အဲ့ဒီလို Mobile Team များ ဖမ်းဆီးရာမှာ လုပ်ငန်း စတင် ဆောင်ရွက်တဲ့ ၂၀၁၂ ခုနှစ် ၁ လပိုင်းမှ စတင်ပြီး ၂၀၁၃ ခုနှစ်၊ ၆ လပိုင်းထိ ဖမ်းဆီးခန့်မှန်းမှု တန်ဖိုး စုစုပေါင်း ကျပ်သိန်းပေါင်း ၅.၉၃၃၆ ဘီလီယံထိ ရှိနေပြီး အမှုတွဲပေါင်း ၁၇၆၂ မှု ရှိတယ်လို့ သိရပါတယ်။ ဒီလို ဖမ်းဆီးရာမှာ သွင်းကုန်များ အနေနဲ့ မူဆယ်-မန္တလေး လမ်းကြောင်းမှ အများဆုံး ဖမ်းဆီး ရရှိခဲ့တာ ဖြစ်ပြီး ပို့ကုန် အနေနဲ့ ကျောက်စိမ်းနဲ့ သစ်များကို အများဆုံး ဖမ်းဆီး ရရှိခဲ့တာ ဖြစ်ပါတယ်။ ယခုလက်ရှိ မှာတော့ Mobile Team က ဖမ်းဆီးမှုများကို တိုင်းဒေသကြီး အစိုးရ အဖွဲ့များကို လွှဲပြောင်းပေး နေတာဖြစ်ပြီး ဖမ်းဆီး ရရှိခဲ့တဲ့ ကုန်ပစ္စည်း များကို လေလံတင် ရောင်းချပေးခြင်း များကို လည်း ဆောင်ရွက် နေတာ ဖြစ်တယ်လို့ သိပါတယ်။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့