Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Monday 8 July 2013

ဓာတ်မြေသြဇာနှင့် ပိုးသတ်ဆေး တင်သွင်း ရောင်းချမှုအား ထပ်မံစစ်ဆေး သွားရန်ရှိ

  ပြည်တွင်းရှိ ဓာတ်မြေသြဇာနဲ့ ပိုးသတ်ဆေးများ တင်သွင်း ရောင်းချခြင်း များကို ထပ်မံစစ်ဆေး ဖို့ကို ဇူလိုင်လ အတွင်းမှာ စတင်ပြီး ပြုလုပ် သွားရန်
စီစဉ်လျက် ရှိတယ်လို့ မြန်မာနိုင်ငံ ဆန်စပါး လုပ်ငန်းရှင်များ အသင်းမှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောကြားချက် အရ သိရပါတယ်။ အဆိုပါ စစ်ဆေးမှုများ ကိုတော့ အဓိက နေရာများ ဖြစ်တဲ့ ရှမ်းပြည်နယ်၊ ရန်ကုန်တိုင်း ဒေသကြီး၊ မန္တလေးတိုင်း ဒေသကြီး၊ စစ်ကိုင်းတိုင်း ဒေသကြီးတို့မှ တောင်သူ လယ်သမားများ သုံးစွဲနေတဲ့ ဓာတ်မြေသြဇာနဲ့ ပိုးသတ်ဆေး များကို စစ်ဆေး ပေးသွားမှာ ဖြစ်ပါတယ်။
 
အဲ့ဒီလို ဆောင်ရွက်ရာမှာ အဆင့် ၄ ဆင့်နဲ့ Mobile Team အဖွဲ့များမှာ ပူးပေါင်း စစ်ဆေးခြင်း၊ ဓာတ်မြေသြဇာနဲ့ ပိုးသတ်ဆေး ရောင်းချတဲ့ နေရာများမှာ သွားရောက် စစ်ဆေးခြင်း၊ မြို့နယ်များရှိ လက်လီ၊ လက်ကားရောင်း ချနေတဲ့ နေရာများမှာ စစ်ဆေးခြင်းနဲ့ တောင်သူ လယ်သမားများ ဆီမှာ တိုက်ရိုက် စစ်ဆေးမှုများ ဆောင်ရွက် သွားမှာ ဖြစ်ပါတယ်။
 

အဆိုပါ ဓာတ်မြေသြဇာနဲ့ ပိုးသတ်ဆေး များမှာ သတ်မှတ်ချက် စည်းကမ်း များနဲ့ မှတ်ပုံတင် အမှတ် မပါရှိပါက ထောင်ဒဏ် ၁ နှစ်အထိ ပြစ်ဒဏ် သတ်မှတ်ထား ပြီး မြန်မာ့စိုက်ပျိုးရေး ဥပဒေ အတိုင်း အရေးယူ ဆောင်ရွက်မှုများ ပြုလုပ် သွားမှာ ဖြစ်ပါတယ်။ အဲ့ဒီလို ဆောင်ရွက်မှုများ ကိုတော့ လယ်ယာ စိုက်ပျိုးရေးနဲ့ ဆည်မြောင်း ၀န်ကြီးဌာန၊ စီးပွားရေးနဲ့ ကူးသန်း ရောင်းဝယ်ရေး ၀န်ကြီးဌာန၊ မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ် တို့မှ ပူးပေါင်း ဆောင်ရွက် သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့