Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Monday 8 July 2013

သဘာဝ ဘေးအန္တရာယ် ကျရောက်ချိန်တွင် ရုပ်သံဗီဒီယိုဖြင့် အရေးပေါ်သတိပေး နိုင်ရန် ဆောင်ရွက်လျက်ရှိ

  မိုးလေ၀သနဲ့ ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာန၊ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာနနဲ့ JICA တို့မှ ပူးပေါင်းကာ သဘာဝ
ဘေးအန္တရာယ် ဆိုင်ရာ ကြိုတင် သတိပေး စနစ် In To In Early Warning System ကို ၄ နှစ်တာ စီမံကိန်းနဲ့ စတင် အကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိတာ ဖြစ်ပါတယ်။ အဆိုပါ စီမံကိန်းမှာ ဆောင်ရွက် သွားမယ့် လုပ်ငန်း တစ်ခု အနေနဲ့ သဘာဝ ဘေးအန္တရာယ် ကျရောက်ချိန်မှာ သတိပေး လမ်းညွှန် နိုင်မယ့် ရုပ်သံဗီဒီယိုနဲ့ အရေးပေါ် သတိပေးနိုင်ဖို့ အတွက် ဆောင်ရွက် သွားမှာ ဖြစ်တယ်လို့ မိုးလေ၀သနနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောကြားချက် အရ သိရပါတယ်။
 
ဒီလို ဆောင်ရွက်ရာမှာ အရေးပေါ် မုန်တိုင်း အန္တရာယ် ကျရောက်ပါက ပြည်သူများ အနေနဲ့ မိုးလေ၀သနဲ့ ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနရဲ့ သတိပေး လမ်းညွှန်မှုများကို Kable Line စနစ်နဲ့ ချိတ်ဆက်ကာ ရိုက်ကူး ထားတဲ့ ဗီဒီယိုကို သက်ဆိုင်ရာ ရုပ်သံ ဌာနများသို့ ပေးပို့ပြီး အချိန်နဲ့ တစ်ပြေးညီ ထုတ်ပြန်တဲ့ အရေးပေါ် သတင်းများကို အဆိုပါ ဗီဒီယိုမှ တစ်ဆင့် သိရှိနိုင်စေမှာ ဖြစ်တယ်လို့ သိရပါတယ်။ လုပ်ငန်း ဆောင်ရွက်ရာ မှာတော့ JICA မှ ပညာရှင်များရဲ့ အကူအညီကို ရယူကာ ဆောင်ရွက် သွားမှာ ဖြစ်ပြီး သဘာဝ ဘေးအန္တရာယ် ဆိုင်ရာ ကြိုတင် သတိပေးနိုင်တဲ့ စင်တာများ၊ သက်ဆိုင်ရာ ၀န်ကြီး ဌာနများနဲ့ ဆက်သွယ် နိုင်မယ့် စနစ် တပ်ဆင် ထားတဲ့ စက်များကို ထားရှိ ဆောင်ရွက် သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။
 
ဒီလို စီမံကိန်းမျိုး ပြုလုပ်ပေး ရခြင်းဟာ သဘာဝ ဘေးအန္တရာယ်ကြောင့် ဖြစ်ပေါ်နိုင်တဲ့ ပျက်စီး ဆုံးရှုံးမှုများမှ လျော့နည်း စေဖို့ အတွက် ရည်ရွယ်တာ ဖြစ်ပြီး အရေးပေါ် သတိပေး ထုတ်ပြန် ချက်များကို တယ်လီဖုန်းနဲ့ ဆက်သွယ် ဖြေကြားခြင်းမျိုး မဟုတ်ဘဲ အရုပ်၊ အသံ တွဲဖက်ကာ သတိပေးချက် ထုတ်ပြန်နိုင်မှာ ဖြစ်တဲ့ အတွက် ပြည်သူများ အတွက် မုန်တိုင်း ဖြစ်ပွားမှုများမှ အသိဉာဏ်နဲ့ ယှဉ်ကာ ရှောင်ရှားနိုင်စေမှာ ဖြစ်တယ်လို့ သိရှိရပါတယ်။

   

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့