Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Monday 8 July 2013

ရန်ကုန်-ဒလ တံတား တည်ဆောက်မည့် စီမံကိန်းကြောင့် ဒလမြို့ရှိ အိမ်ခြံမြေ ဈေးကွက်များ အရောင်းအ၀ယ် များလာ

  ရန်ကုန်-ဒလ တံတား တည်ဆောက်မှာ ဖြစ်တာကြောင့် ဒလမြို့တွင်းရှိ အိမ်ခြံမြေ ဈေးနှုန်းများ အဆမတန် မြင့်တက် လာတယ်လို့ အိမ်ခြံမြေ အကျိုးဆောင်
လုပ်ငန်း အသိုင်းအ၀ိုင်းမှ သိရပါတယ်။ ဒီလို ဈေးနှုန်း များတက် လာရခြင်းမှာ တစ်နေရာနှင့် တစ်နေရာ မတူဘဲ ဈေးနှုန်း အမျိုးမျိုး ရှိတယ်လို့ သိရပါတယ်။ ယခင်က ပေ ၄၀ ၊ ပေ ၆၀ မြေကွက်ကို ကျပ်ငွေသိန်း ၂၅၀ ပေါက်ဈေး ရှိပြီး ယခုအခါ မှာတော့ ကျပ်သိန်း ၅၀၀ ခန့် ပေါက်ဈေး ရှိတယ်လို့ သိရပါတယ်။
 

မြေဈေးနှုန်း များဟာ နေ့စဉ် ပေါက်ဈေး အမျိုးမျိုး ပြောင်းလဲ လျက်ရှိတယ်လို့ သိရပါတယ်။ ဒါ့အပြင် လာရောက် ၀ယ်ယူသူတွေ ကတော့ မြို့ထဲမှ ၀ယ်သူတွေနဲ့ နယ်ဘက်မှ လာရောက် ၀ယ်ယူသူတွေ ဖြစ်တယ်လို့ သိရပါတယ်။ ဒီလို ၀ယ်ယူရာမှာ တံတား ဆောက်မယ့် နေရာနဲ့ နီးကပ် လျက်ရှိတဲ့ မြေကွက်များ ကတော့ သိန်း ထောင်ကျော် ပေါက်ဈေး ရှိတယ်လို့ သိရပါတယ်။ ဒီလို ဈေးနှုန်းများ အဆမတန် မြင့်တက် လာတာဟာ ကိုရီးယား နိုင်ငံမှ ရန်ကုန်-ဒလ တံတား တည်ဆောက်မယ့် စီမံကိန်းကြောင့် ဖြစ်ပါတယ်။ မြေကွက်များကို အရောင်းအ၀ယ် လုပ်ရာမှာ နေ့စဉ်နီးပါး အရောင်းအ၀ယ် ဖြစ်လျက် ရှိတယ်လို့ သိရပါတယ်။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့