Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Monday 8 July 2013

JICA မှ ရန်ကုန်မြို့ပြ ဖွံ့ဖြိုးမှုနှင့် ပတ်သက်ပြီး စီမံကိန်း ရေးဆွဲမှု အပိုင်းသာ ကူညီပေး လျက်ရှိ

  လက်ရှိမှာ ရေးဆွဲ ဆောင်ရွက် လျက်ရှိတဲ့ ရန်ကုန်မြို့ပြ ဖွံ့ဖြိုးမှု စီမံကိန်းနဲ့ ပတ်သက်ပြီး JICA အနေနဲ့ လက်ရှိမှာ စီမံကိန်း ရေးဆွဲမှုအပိုင်းသာ ကူညီပေး
လျက်ရှိတာ ဖြစ်တယ်လို့ ရန်ကုန် မြို့တော် စည်ပင် သာယာရေး ကော်မတီမှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောကြားချက် အရ သိရပါတယ်။ အခုလို JICA အနေနဲ့ စီမံကိန်း ရေးဆွဲရာ မှာလည်း မြို့ပြဖွံ့ဖြိုးရေး၊ ရေပေးဝေရေး၊ အမှိုက်စွန့် ပစ်မှုနဲ့ စီမံခန့်ခွဲမှု၊ ရေစီးရေလာနှင့် မိလ္လာကိစ္စ အစရှိတဲ့ လုပ်ငန်းတွေနဲ့ ပတ်သက်ပြီး စီမံကိန်း ရေးဆွဲမှု အပိုင်းမှာပဲ ကူညီပေး နေတာ ဖြစ်ပါတယ်။
 

ဒီလို ရေးဆွဲလျက် ရှိတဲ့ မဟာရန်ကုန်မြို့ပြ ဖွံ့ဖြိုးမှု မဟာဗျူဟာ စီမံကိန်းနဲ့ ပတ်သက်ပြီး ဆောင်ရွက်ရာ မှာလည်း လာမယ့် ၂၀၁၈ ခုနှစ် ကာလအထိ ခန့်မှန်း ကုန်ကျမှု အနေနဲ့ အမေရိကန် ဒေါ်လာ သန်းပေါင်း လေးထောင်ကျော် ကုန်ကျနိုင်တာ ဖြစ်တယ်လို့ သိရပါတယ်။ လက်ရှိ မှာတော့ အဆိုပါ စီမံကိန်းကို ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီမှ သက်ဆိုင်ရာ တာဝန်ရှိသူတွေနဲ့ JICA မှ တာဝန်ရှိသူတွေက ရေးဆွဲ ဆောင်ရွက် လျက်ရှိတာ ဖြစ်တယ်လို့ သိရပါတယ်။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့