Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Monday 8 July 2013

ရန်ကုန်တိုင်း ဒေသကြီး အတွင်း စတင် လုပ်ဆောင်မည့် လူမှုဖူလုံရေး Smart Card များအတွက် ကွင်းဆင်း ဆောင်ရွက်မည်

လူမှုဖူလုံရေး Smart Card အတွက် လက်တွေ့ ကွင်းဆင်း ဆောင်ရွက်မှု တွေကို ယခုဇူလိုင်လ ဒုတိယပတ် အတွင်းမှာ မင်္ဂလာဒုံ မြို့နယ်ရှိ မျက်မှန်
ထုတ်တဲ့ စက်ရုံမှစတင်ပြီး ပြုလုပ်ဖို့ စီစဉ်ထား တယ်လို့ လူမှုဖူလုံရေး အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောပြချက် အရ သိရပါတယ်။ အခုလို ပြုလုပ်ရာမှာ လူမှုဖူလုံရေး အဖွဲ့မှ အင်အား ၃၀ ခန့် နီးပါးနဲ့ အဆိုပါ စက်ရုံတွင်းရှိ အဖွဲ့ဝင် ၃ သောင်းကျော်ကို ပြုလုပ်ပေး သွားဖို့ ယခုလက်ရှိမှာ လျာထားတာ ဖြစ်တယ်လို့ သိရပါတယ်။


အဲ့ဒီလို ဆောင်ရွက်ရာမှာ လူမှုဖူလုံရေး စမတ်ကတ် ဆောင်ရွက်ဖို့ အတွက် လုပ်သားများကို ဓါတ်ပုံရိုက်ခြင်း၊ လက်ဗွေ ရယူခြင်းစတဲ့ လုပ်ငန်းတွေကို ကွင်းဆင်း ဆောင်ရွက်မှာ ဖြစ်ပြီး Data Entry သွင်းခြင်းများ လုပ်ဆောင် သွားမှာ ဖြစ်ပါတယ်။ ဒါ့အပြင် နောက်ပိုင်းမှာ မင်္ဂလာဒုံ မြို့နယ် တွင်းရှိ အဖွဲ့ဝင် ကုမ္ပဏီများ အားလုံးကို လုပ်ဆောင် ပေးပြီးပါက အင်းစိန်မြို့နယ်မှာ ထပ်မံပြုလုပ်ဖို့ အတွက် ကိုလည်း လျာထားလျက် ရှိတယ်လို့ လူမှုဖူလုံရေး အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောပြချက် အရ သိရပါတယ်။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့