Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Tuesday 9 July 2013

ခပေါင်းချောင်းတွင် အမျိုးသားတစ်ဦး၏အလောင်းတွေ့

 ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့ ခပေါင်းတံတားထိပ်အနီး ခပေါင်းချောင်းရေပြင်ရှိ ဒိုက်ပုံတွင် ဇူလိုင်လ ၈ ရက်နေ့ နံနက် ၉ နာရီခန့်က အသက် (၅၀) အရွယ်ခန့်ရှိ သေဆုံးနေသည့် အမျိုးသားတစ်ဦး၏ အလောင်းကို တွေ့ရှိခဲ့ကြောင်း တောင်ငူမြို့ အမှတ် (၁) ရဲစခန်းမှ ရဲအုပ်အောင်ကျော်လွင်က The Voice သို့ပြောကြားသည်။

သေဆုံးသူ ဦးတင်ဝင်း (၅၀) နှစ်သည် အုတ်တွင်းမြို့နယ် တောပုကျေးရွာအုပ်စု သိုက်ကုန်း ကျေးရွာတွင် နေထိုင်ပြီး ဇူလိုင်လ ၆ ရက်နေ့ နေ့လယ် ၁ နာရီခန့်တွင် ညီ၊ သားကြီးမောင်သန်းနိုင်ဦး (၁၆) နှစ်နှင့်အတူ ဇီးပင်သာရွာမှ ကင်းဆိပ်ကျေးရွာသို့ ဝါးပို့ရန် ဝါးဖောင်ဖြင့် မျောလာစဉ် ဇီးပင်သာရွာနှင့် တစ်မိုင်အကွာတွင် ဖောင်ကိုရပ်တန့် (ဂွဲသတ်) စဉ် အရှိန်လွန်ကာ ပြုတ်ကျသေဆုံးခဲ့ခြင်း ဖြစ်ကြောင်း သေသူ၏သားဖြစ်သူ မောင်သန်းနိုင်ဦးက ပြောကြားသည်။

“အဖေက တစ်မနက်လုံး အရက်သောက်တာ မူးပြီးထတောင် မထနိုင်တာကို ဆင်းပြီးဖောင်ရပ်ဖို့ ပြင်တုန်း အခုလိုဖြစ်သွားတာပါ။ ကျွန်တော်လည်း ဆင်းဆယ်ပါသေးတယ်။ ရေကျနေတော့ မမီဘူး ဖြစ်သွားတယ်။ ရွာကအမျိုးတွေနဲ့ ချောင်းထဲလိုက်ရှာပါတယ်။ ခုမှတွေ့တာ” ဟု ၎င်းကဆိုသည်။

အဆိုပါ ရေနစ်သေဆုံးမှုကို သေမှုသေခင်းအမှတ် ၄/၂၀၁၃ ဖြင့် အမှုဖွင့်ဆောင်ရွက်လျက် ရှိကြောင်း တောင်ငူမြို့ အမှေတ် (၁) ရဲစခန်းထံမှ စုံစမ်းသိရှိရသည်။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့