Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Tuesday 9 July 2013

ဖျာပုံမြို့နယ်၌ တောဆင်ရိုင်း နင်း၍ အမျိုးသမီး တစ်ဦး သေဆုံး

 ဧရာဝတီတိုင်း ဒေသကြီး ဖျာပုံမြို့နယ် အမာမြို့နယ်ခွဲ မမွှေးကွင်း ကျေးရွာ ချောင်းတစ်ဖက်ကမ်း၌ ယမန်နေ့ ညနေပိုင်းက တောဆင်ရိုင်း နင်း၍ အမျိုးသမီး တစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ယမန်နေ့ ညနေ ၅ နာရီ ခွဲက ဖျာပုံမြို့နယ် အမာမြို့နယ်ခွဲ ဆိပ်မကျေးရွာ အုပ်စု မမွှေးကွင်းကျေး ရွာနေသူများ ဖြစ်သည့် ဦးစော ၆၁ နှစ် (ဘ)ဦးဘအေး၊ မောင်ဇော် ၂၅ နှစ် (ဘ)ဦးအောင်တင်နှင့် သီတာအေး ၂၅ နှစ် (ဘ)ဦးအောင်တင်တို့ သုံးဦးသည် မမွှေးကွင်း ကျေးရွာ ချောင်းတစ်ဖက် ကမ်းရှိ ကွင်းပြင်တွင် ပိုက်ထောင်ပြီး ပြန်လာစဉ် တောဆင်ရိုင်း (ဟိုင်းဆင်) တစ်ကောင်အား တွေ့ရှိ၍ ၎င်းတို့ သုံးဦး စလုံး ထွက်ပြေးခဲ့ရာ ဦးစောနှင့်မောင် ဇော်မှာ လူတစ်ရပ်ခန့် မြင့်သော ကိုင်းတောထဲ လဲကျပြီး ဆင်ရိုင်းမှာ ခြောက်ပေခန့် အကွာတွင် ရပ်ကာ ပြန်ထွက်သွားခဲ့သည်။

ထို့နောက် သီတာအေးအား လိုက်လံရှာဖွေရာ ၎င်းတို့ ပုန်းနေသော နေရာနှင့် ၁၈ ပေ ခန့် အကွာတွင် သေဆုံး နေသည်ကို တွေ့ရ၍ ဆိပ်မတံတား ရဲကင်းမှူး ရဲအရာခံ တင်ထွန်းထံ အကြောင်း ကြားခဲ့သည်။ အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်၍ အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့သည် သေမှုသေခင်း ရေး ဖွင့်ရန် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့