Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Tuesday 9 July 2013

မလေးရှားသို့ တရားမ၀င် လှေနဲ့ သွားတိုင်း မြန်မာနိုင်ငံသား မဟုတ်ပါ

 (နိရဉ္စရာ- ၉ ဇူလိုင် ၂၀၁၃)

မလေးရှားနိုင်ငံသို့ တရားမ၀င် ထွက်ခွာရန် ပြင်ဆင်နေသော မော်တော်ဘုတ် တစ်စီးပေါ်မှ လူပေါင်း ၂၂၀ ကို ဘင်္ဂလာဒေခ်ျ့ ကမ်းခြေစောင့်တပ်ဖွဲ့က ဖမ်းဆီးလိုက်ကြောင်း ယနေ့ထုတ် ဘင်္ဂလာဒေခ်ျ့ သတင်းစာများတွင် ဖေါ်ပြသည်။

ဖမ်းဆီးခံရသူများထဲတွင် ဘင်္ဂလာဒေခ်ျ့နိုင်ငံသား ၂၁၄ ဦး ပါဝင်ပြီး ကျန် ၆ ဦးမှာ မြန်မာနိုင်ငံသားများ ဖြစ်ကြောင်း ဘင်္ဂလာဒေခ်ျ့ ရဲတပ်ဖွဲ့ကို ကိုးကားပြီး ယနေ့ထုတ် The Daily Star သတင်းစာကြီးတွင် ဖေါ်ပြသည်။

သူတို့အား ယမန်နေ့က နတ်မြစ်ဝရှိ စိန်မာတင် (အုန်းကျွန်း) မှ ၅ ကီလိုမီတာ ပင်လယ်ပြင်တွင် ဖမ်းဆီးရမိကြောင်း၊ ဘင်္ဂလာဒေခ်ျ့ ကမ်းခြေစောင့် တပ်ဖွဲ့မှ သင်္ကာမကင်းရာမှ အဆိုပါ မော်တော်ဘုတ်ကို တက်ရောက် ရှာဖွေခဲ့ကြောင်း၊ ထိုသို့ တက်ရောက် ရှာဖွေစဉ် လူပေါင်း ၂၂၀ ကို ဖမ်းဆီးမိကြောင်း စိန့်မာတင်ကျွန်း အခြေစိုက် ဘင်္ဂလာဒေခ်ျ့ ကမ်းခြေစောင့် တပ်ဖွဲ့ တပ်မှူး MA Newaz ပြောကြောင်း သတင်းစာတွင် ဆက်လက် ဖေါ်ပြသည်။

“သူတို့က မလေးရှားသို့ တရားမ၀င် သွားရောက်ကြမည့်သူများ ဖြစ်ကြောင်း ၀န်ခံသည်” ဟု MA Newaz က ဆက်ပြောသည်။

ရာသီ ဥတုဆိုးရွားမူကြောင့် ဖမ်းဆီးခံရသူများကို ယမန်နေ့က တက်ကနက်မြို့သို့ မယူဆောင် လာနိုင်ခဲ့ကြောင်း၊ ယနေ့တွင် တက်ကနက် ရဲလက်ထဲသို့ ဖမ်းဆီးခံရသူများကို လွှဲပြောင်း ပေးမည် ဖြစ်ကြောင်း တက်ကနက် ရဲစခန်းမှူး မူဟာမတ် ဖါဟက် ( Mahammad Farhad) က ပြောသည်။

ဇူလိုင်လ ၆ ရက်နေ့ကလည်း မလေးရှားသို့ သွားရန် စီစဉ်သူ ဘင်္ဂလာဒေခ်ျ့ နိုင်ငံသား ၁၃ ဦးနှင့် ပွဲစား တစ်ဦးကို ဘင်္ဂလာဒေခ်ျ့ နယ်ခြားစောင့်တပ်ဖွဲ့က ဖမ်းဆီးခဲ့သလို ဇူလိုင် ၅ ရက်နေ့ကလည်း ပွဲစား (၃) ဦးနှင့် အတူ လူအများအပြားကို နယ်စပ် ဂိတ်တစ်ခုတွင် ဖမ်းမိခဲ့သည်ဟု ဆိုသည်။

ယခင်က  မလေးရှား၊ ထိုင်း၊ အင်ဒိုနီးရှား နိုင်ငံသို့ ရောက်ရှိ သွားကြသူ ဘင်္ဂလာဒေခ်ျ့ နိုင်ငံသားများကလည်း အနေအထိုင် အဆင်ပြေစေရန် အတွက် အလို့ဌာ သူတို့မှာ  မြန်မာနိုင်ငံ ရခိုင်ပြည်နယ် အတွင်း ဗုဒ္ဓဘာသာဝင်များ၏ တိုက်ခိုက်မူကြောင်း ထွက်ပြေးလာကြရသူ လူနည်းစု မူဆလင်များ (သူတို့ အခေါ် ရိုဟင်ဂျာများ)  ဖြစ်ကြောင်း လိမ်လည် ပြောဆိုကာ သက်ဆိုင်ရာ နိုင်ငံများနှင့် ယူအန် ( UN) ၏ အစောင့်အရှောက်ကို ရယူကြသည်ဟု သိရသည်။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့