မြန်မာ နိုင်ငံသို့ တင်သွင်းလာနိုင်ခြေရှိသော ချက်ဗလက်ကားသစ် သုံးမျိုး။ ရန်ကုန် - ဇူလိုင် - ၇ ။ ။ အမေရိကန် ပြည်ထောင်စု၏ အကြီးဆုံးကား ကုမ္ပဏီကြီးဖြစ်သော ဂျင်နရယ် မော်တာ (General Motors) သည် မြန်မာနိုင်ငံတွင် ယင်းနာမည် ကျော် ချက်ဗလက် Chevrolet ကားများကို မကြာမီစ တင်ရောင်းချတော့မည်ဖြစ်သည်။ ယင်းအတွက် ချက်ဗလက် ကားများ၏ အရောင်းနှင့်ဆား ဗစ်လုပ်ငန်းများကို တစ်ဦးတည်း ကိုယ်စားလှယ်အဖြစ် မြန်မာနိုင်ငံ ရှိ ပစိဖိတ်အေအေအုပ်စု Pacific -AA Group ကို ခန့်အပ်ခဲ့ကြောင်း ရန်ကုန်မြို့ရှိ ကားရောင်းဝယ်ရေး လုပ်ငန်း လုပ်ကိုင်နေသည့်အသိုင်း အဝိုင်းမှ သိရသည်။တစ်ပတ်ရစ်ကားအဟောင်း များနှင့် ရင်းနှီးကျွမ်းဝင်နေသော မြန်မာ့ကားဈေးကွက်သို့ ချက်ဗ လက်ကားများသည် ကားအသစ် များအဖြစ် ဝင်ရောက်လာမည် ဖြစ်ပြီး Manufacturer Warranty နှင့် After Sale Service ဝန်ဆောင် မှုများကို ပေးသွားမည်ဟု သိရ သည်။ ဂျင်နရယ်မော်တာသည် အမှတ်တံဆိပ်လေးမျိုးဖြင့် ကား များထုတ်လုပ်နေရာ ယင်းတို့မှာ Chevrolet? Buick ၊ GMC ၊ Ca-dillac တို့ဖြစ်ကြသည်။ ယင်းလေး မျိုးအနက် မြန်မာ့ ကားဈေးကွက် သို့ ချက်ဗလက်ကားများ စတင်ရောင်း ချခြင်းဖြစ်သည်။
ချက်ဗလက်ကားများသည် ပစ်ကပ်မှသည် ခရီးကြမ်းကား၊ ဇိမ်ခံကားများအထိ အမျိုးမျိုးရှိ သော်လည်း မြန်မာ့ဈေးကွက်သို့ မည်သည့်ကားများ ဝင်ရောက်လာ မည်ကိုမူ မသိရှိရသေးချေ။ စီးပွားရေးပိတ်ဆို့မှုများ ဖြေ လျှော့ပေး လိုက်ပြီးနောက် အမေ ရိကန်မှ ကားထုတ်လုပ်သူများသည် မြန်မာ့ဈေးကွက်သို့ စတင်ဝင်ရောက် လာရာ ကက်ပီတယ်ဒိုင်းမွန်းစတား အုပ်စုသည် ဖို့ဒ်ကားများကိုလည်း ကောင်း၊ Pacific-AA Motor သည် ဂျင်နရယ်မော်တာ၏ကား များကို လည်းကောင်း မြန်မာ့ဈေး ကွက်အတွက် ကိုယ်စားလှယ်ရရှိ ခဲ့သည်။
No comments:
Post a Comment