Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Wednesday 10 July 2013

ရေကြောင်းတက္ကသိုလ် ဝင်ခွင့် အမှတ် ၄၅၀ နှင့် အထက် သတ်မှတ်

 ရန်ကုန်၊ ဇူလိုင် ၉

မြန်မာနိုင်ငံ ရေကြောင်းပညာ တက္ကသိုလ်၏ ၂၀၁၃-၂၀၁၄ ပညာ သင်နှစ်အတွက် ဝင်ခွင့်ရမှတ်ကို ၄၅၀ နှင့် အထက် သတ်မှတ်ထားကြောင်း ရေကြောင်း ပညာတက္ကသိုလ်က တရားဝင်ထုတ်ပြန် ထားကြောင်း သိရသည်။

လျှောက်ထားသူများသည် ၂၀၁၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် အမှတ် ၄၅၀ နှင့် အထက်ရရှိပြီး မြန်မာ၊ အင်္ဂလိပ်၊ သင်္ချာ၊ ရူပဗေဒ၊ ဓာတုဗေဒ၊ ဘောဂဗေဒ (သို့မဟုတ်) မြန်မာ၊ အင်္ဂလိပ်၊ သင်္ချာ၊ ရူပဗေဒ၊ ဓာတုဗေဒ၊ ဇီဝဗေဒ (သို့မဟုတ်) မြန်မာ၊ အင်္ဂလိပ်၊ သင်္ချာ၊ ရူပဗေဒ၊ ဓာတုဗေဒ၊ ပထဝီဝင် ဘာသာရပ်များဖြင့် အောင်မြင်သူများ လျှောက်ထားနိုင်မည် ဖြစ်ကြောင်း တရားဝင် ထုတ်ပြန်ချက်အရ သိရသည်။

ခေါ်ယူမည့် ကျောင်းသားဦးရေကို ၃၂၀ သတ်မှတ်ထားပြီး ၂၀ ရာခိုင်နှုန်းကို ကျောင်းသူများကို ခေါ်ယူသွားမည် ဖြစ်ကြောင်း၊ အထူးပြုဘာသာရပ် (ရေယာဉ်တည်ဆောက်ခြင်း) NA အတွက် ၄၀ ဦး၊ (ရေကြောင်းပညာရပ်) MM အတွက် ၄၀ ဦး၊ (ရေကြောင်းအင်ဂျင်နီယာ) ME အတွက် ၈၀ ဦး၊ (ဆိပ်ကမ်းအင်ဂျင်နီယာ) PH အတွက် ၂၅ ဦး၊ (မြစ်ကြောင်းထိန်း သိမ်းရေး) RC အတွက် ၁၅ ဦး၊ (ရေကြောင်း လျှပ်စစ်နှင့် အီလက်ထရွန်နစ်) MEAE အတွက် ၄၀ ဦး၊ (ရေကြောင်းသိပ္ပံ) NS အတွက် ၈၀ ဦးခေါ်ယူသွားမည် ဖြစ်ကြောင်း ယင်းတက္ကသိုလ်ထံမှ စုံစမ်းသိရှိရသည်။

ယခင်နှစ်ကလည်း ထိုကဲ့သို့ ကျောင်းသား ၃၂၀ ခေါ်ယူခဲ့ပြီး ဝင်ခွင့် အမှတ် ၄၅၀ သတ်မှတ်ခဲ့သော်လည်း လာရောက် လျှောက်ထားသည့် အနိမ့်ဆုံး အမှတ်မှာ ၄၈၇ မှတ် ဖြစ်သောကြောင့် ဝင်ခွင့်အမှတ်မှာ ၄၈၇ မှတ်ဖြစ်သွားကြောင်း ရေကြောင်းပညာ တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာမြတ်လွင်က ပြောကြားသည်။

ရေကြောင်းပညာ တက္ကသိုလ်ကို ၂၀၀၁-၂၀၀၂ ခုနှစ်က စတင် တည်ထောင်ခဲ့ရာ ၂၀၀၃-၂၀၀၄ တွင် ဆင်မလိုက် ရေကြောင်းပညာသိပ္ပံတွင် စတင်ပညာသင် ကြားခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီး သန်လျင် မြို့နယ် သီလဝါဒေသသို့ ၂၀၀၅ ခုနှစ်တွင် ပြောင်းလဲ ဖွင့်လှစ်ခဲ့ကြောင်း တရားဝင် စာရင်းများအရ သိရသည်။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့