Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Wednesday 10 July 2013

သင်္ကန်းဝတ်ဖြင့် လာရောက်ကာ တည်းခိုခန်းတွင် အရပ်ဝတ်ဖြင့် နေထိုင်သည့် ဘင်္ဂလားဒေရှ့် နိုင်ငံသာ နှစ်ဦးအား အရေးယူ

 ရန်ကုန်၊ ဇူလိုင် ၁၀

၉.၇.၂၀၁၃ ရက်နေ့ ၁၄၃၀ အချိန် ပန်းဘဲတန်းမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် နယ်မြေအတွင်း သတင်းစုံစမ်းစဉ် ပန်းဘဲတန်းမြို့နယ်၊ (၈)ရပ်ကွက်ရှိ POLO တည်းခိုးခန်းတွင် သင်္ဃန်းဝတ်ဖြင့် သံဃာ(၂)ပါး ရောက်ရှိ တည်းခိုနေပြီး ခဏအကြာ အဆိုပါ သူနှစ်ဦးမှာ အရပ်ဝတ်ဖြင့် လမ်းဘေး ထမင်းဆိုင်တွင် ထမင်း ထွက်စားနေကြောင်း သတင်း အရခေါ်ယူစစ်ဆေးရာ ဘင်္ဂလားဒေရှ့် နိုင်ငံသားများ ဖြစ်သော Parsujit Barua (၂၇)နှစ်၊ ဘင်္ဂလားဒေရှ့်လူမျိုး/ဗုဒ္ဓဘာသာ (ဘ)Rjin Barua နှင့် Antar Barua၊ (၂၉)နှစ်၊ ဘင်္ဂလားဒေရှ့်လူမျိုး/ဗုဒ္ဓဘာသာ (ဘ) Dulal Barua တို့နှစ်ဦးဖြစ်ပြီး ဘင်္ဂလားဒေရှ့်နိုင်ငံမှ မလေးရှားနိုင်ငံသို့ သွားရောက် အလုပ်လုပ်ကိုင်ရန် ရောက်ရှိ နေသူများ ဖြစ်ကြောင်း စစ်ဆေး သိရှိရသဖြင့် သင်္ကန်းဝတ်ဆင်၍ ဘာသာ သာသနာကို ညှိုးနွမ်းအောင် ပြုလုပ်သူ
Parsujit Barua နှင့် Antar Barua တို့နှစ်ဦးအား ပန်းဘဲတန်းမြို့မရဲစခန်း(ပ) ၂၀၃/၂၀၁၃ ၊
ပုဒ်မ ၂၉၅/၂၉၅-က ဖြင့် အရေးယူထား ရှိကြောင်း Yangon Police (facebook) အင်တာနက် စာမျက်နှာ မှာ ဖော်ပြထားပါသည်။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့