Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Wednesday 10 July 2013

ရန်ကုန်မှာ BRT အဆင့်မြင့် ဘတ်စ်ကား ပြေးဆွဲမည်

ကိုလံဘီယာတွင် အသုံးပြုနေသည့် BRT ယာဉ်ကြောမြင်ကွင်း ယာဉ်ကြော ကျပ်တည်းလာပြီး ပြည်သူတွေ သွားလာရေး ခက်ခဲလာတဲ့ ရန်ကုန်မြို့တော် အတွက် BRT (Bus Rapid Transit) စနစ် စမ်းသပ်ပြေးဆွဲတော့မယ်လို့ ဇူလိုင် ၉ ရက်နေ့ ရန်ကုန်စည်ပင်ကော်မတီရုံးမှာ ကျင်းပတဲ့ ပို့ဆောင်ရေးဆိုင်ရာ အစည်းအဝေးမှာ ဆုံးဖြတ်လိုက်ပါတယ်။

အစည်းအဝေးမှာ BRT စမ်းသပ်ပြေးဆွဲဖို့ ဂျပန် ဂျိုက်ကာအဖွဲ့က လေ့လာ ဆန်းစစ်ထားတဲ့ အချက်တွေတင်ပြခဲ့ပြီး ပို့ဆောင်ရေးဝန်ကြီးဌာန ပြည်ထောင်စုဒုဝန်ကြီး သူရ ဦးသောင်းလွင် အပါအ၀င် ရန်ကုန်စည်ပင်နဲ့ မထသ တာဝန်ရှိသူတွေက သဘောတူကြောင်း ဆုံးဖြတ်ခဲ့ကြပါတယ်။

BRT စနစ်ဆိုတာဟာ အဆင့်မြင့် ဘတ်စ်ကား ပြေးဆွဲဖို့ အခြားယာဉ်တွေ အသုံးပြုခွင့် ပေးမထားတဲ့ သီးသန့်ယာဉ်ကြော သတ်မှတ်ပေးထားပြီး ဘူတာရုံသဖွယ် သတ်မှတ်ပြီး ဘတ်စ်ကားဂိတ်တွေ ထားရှိ ပြေးဆွဲတဲ့စနစ် ဖြစ်ပါတယ်။

လက်ရှိ အင်ဒိုနီးရှားနိုင်ငံမှာ အောင်မြင်စွာ အကောင်အထည် ဖော်နိုင်ခဲ့တဲ့ ဘတ်စ်ကား ပြေးဆွဲမှုစနစ်လည်း ဖြစ်ပါတယ်။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့