လုပ်ငန်းတစ်ခု၏ ဘဏ္ဍာရေး အကြောင်းအချက်များ ဖော်ပြသော အဓိက ရှင်းတမ်းနှစ်ခုမှာ
- လက်ကျန်ရှင်းတမ်း (Balance Sheet)
- အရှုံးအမြတ်ရှင်းတမ်း ( Profit & Loss Statement) များဖြစ်သည်။
လက်ကျန်ရှင်းတမ်းတစ်ခုကို ရေးဆွဲသောအခါ စာရင်းအင်းပညာ သဘောအရ ညီမျှခြင်းလက္ခဏာကို ချန်လှပ်၍ ဒေါင်လိုက် နှစ်ထပ်မျဉ်းသားထားသော စာမျက်နှာ၏ တဖက်တွင် ရပိုင်ခွင့်များ(Assets)ကို ဖော်ပြီး ပေးရန်တာဝန် (Liabilities)များနှင့် ရင်းနှီးငွေ(Capital) တို့ကို အခြားတဖက်တွင်ဖော်ပြရပါသည်။
အရှုံးအမြတ်ရှင်းတမ်းသည် လုပ်ငန်း၏ လုပ်ဆောင်မှုကြောင့် ရင်းနှီးငွေ အပေါ်မည်သို့အကျိုးသက်ရောက်ပုံကို ထုတ်ဖော်ပြသသည့်စာရင်းရှင်းတမ်းတစ်ခုဖြစ်သည်။ ထိုရှင်းတမ်းသည် အချိန်ကာလတစ်ခု၏ လုပ်ဆောင်မှုအသေးစိတ်များကို အကျဉ်းချုပ်အားဖြင့် ၄င်းကာလ**င် ရင်းနှီးငွေတိုးပွားလာသည်၊လျော့နည်းသွားသည် ဟူသောအချက်ကို ပြသည်။
အခြားတဖက်အားဖြင့်ဆိုသော် အရှုံးအမြတ်ရှင်းတမ်းသည် အချိန်ကာလတစ်ခုအတွင်း ရရှိသောဝင်ငွေနှင့် ကုန်ကျစရိတ်တို့ကို နှိုင်းယှဉ်၍ လုပ်ငန်း၏ အရှုံးအမြတ်ကို ဖော်ပြသည်။ လုပ်ငန်း၏ အရှုံးအမြတ်ကို အရှုံးအမြတ်ရှင်းတမ်း ဖြင့်ဖြစ်စေ၊ အရှုံးအမြတ်စာရင်း (Profit & Loss Account) ပုံစံဖြင့်ဖြစ်စေ ဖော်ပြနိုင်သည်။
No comments:
Post a Comment