Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Tuesday 9 July 2013

နှလုံးတိုက်ခိုက်မှု ဖြစ်လာနိုင်ခြင်းကို သတိပေးနိုင်မယ့်စမတ်ဖုန်းနည်းပညာ'


နှလုံးရောဂါ တိုက်ခိုက်မှုဖြစ်လာ၊ မဖြစ်လာကို ခန့်မှန်းပေးခြင်း၊ သ
တိ ပေးခြင်းကို စမတ်ဖုန်းနည်းပညာ တစ်မျိုးက စွမ်းဆောင်ပေးနိုင်
မယ်လို့ သိရှိရပါတယ်။

နာနိုနည်းပညာနဲ့ ပြုလုပ်ထား တဲ့ ပါးလွှာတဲ့ စီလီကွန်ပစ္စည်းငယ်ကို တော့ တက်တူးထိုးထားသလို လက် မောင်းမှာ တပ်ဆင်ရမှာဖြစ်ပြီး အဲဒီ ကိရိယာငယ်နဲ့ အခုဖန်တီးထားတဲ့ စမတ်ဖုန်းနဲ့ ချိတ်ဆက်ထားတယ်ဆို
ရင် နှလုံးနဲ့ ပတ်သက်တဲ့ အချက်အလက် တွေကို ဖုန်းမှာအမြဲတမ်း တွက်ချက် နေနိုင်မှာဖြစ်ပြီး နှလုံးရောဂါဖြစ်ပွား နိုင်ချေကို စောစီးစွာ
တွက်ချက်ပေး နိုင်မယ်လို့ အမေရိကန် စီလီကွန် တောင်ကြားက
ထုတ်လုပ်မှု ဒါရိုက်တာ Zak Holdsworth က ပြောကြား ထားပါတယ်။

အခုနည်းပညာကို 'တက်တူး' လို့ အမည်ပေးထားပြီး နှလုံးရောဂါရှင် တွေမှာ
လည်း နှလုံးရောဂါဖောက်ခြင်း မရှိခင်မှာ ကြိုတင်သတိပေးနိုင်မှာ ဖြစ်ပြီး ယင်းတို့ရဲ့ လက်မောင်းများ မှာ ငါးနှစ်ကနေ ဆယ်နှစ်အထိ တပ် ဆင်ထားနိုင်ပြီး နှလုံးကျန်းမာရေး စောင့်ရှောက်မှုရယူနိုင်မှာဖြစ်ပါတယ်။
အခုနည်းပညာကို အမေရိကန်၊ ဘော့စတွန်အခြေစိုက် MC 10 နည်း ပညာကုမ္ပဏီက ထုတ်လုပ်ခဲ့တာ ဖြစ် ပါတယ်။ အဆိုပါကုမ္ပဏီဟာ အခု လောလောဆယ် နှလုံးအတွင်း မှာ ထည့်သွင်းထားတဲ့ မိုက်ခရိုချစ်ပြား ငယ်နဲ့ စမတ်ဖုန်းကို ဆက်သွယ်ပေး နိုင်မယ့် နည်းပညာကို တီထွင်နေပါ တယ်။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့