
ကျန်ရှိ သက်သေခံ ပစ္စည်းများနှင့် စစ်ဆေးတွေ့ ရှိချက်များအရ သေဆုံးသူမှာ တပ်ကြပ်ကြီးသန်းအေး(ကပ/၅၉ဝ၆၁၆) မကွေးမြို့  အမှတ်(၃)စစ်သား စုဆောင်းရေးတပ်မှ ဖြစ်ပြီး ကျန်ရှိပစ္စည်းများကို ရှာဖွေပုံစံများနှင့် သက်သေများ၏ ရှေ့ မှောက်တွင် ရဲလုပ်ငန်းများနှင့်အညီ ဆောင်ရွက်ထားကြောင်းသိရသည်။
အဆိုပါဖြစ်ရပ်ကို စတင်သိရှိသူမှာ နတ်မောက်စည်ပင်မှ သန့် ရှင်းရေးနေ့ စားဝန်ထမ်း ကိုအောင်နိုင်ဦး(ခ) အရှည်ကြီးဖြစ် ပြီး ပြည်သူ့ခမ်းမတွင်ရှိနေသော တိုင်းဒေသကြီး စီမံချက် အရံသားဖွားသင်တန်းသူများကို စောင့်ရှောက်ရင်း လွန်ခဲ့သော(၁ဝ) ရက်ခန့် ကပင် အပုပ်နံ့ ရနေသည်ဟုဆိုသည်။
အစပိုင်းရက်များက ကြွက်သေပုပ်နံ့ ထင်မှတ်ကာ ခပ်ပေါ့ပေါ့နေခဲ့သော်လည်း ယနေ့ ဇူလိုင်၁၆ရက်နေ့ မှာမှ အနံ့ အသက်များမှာ မခံမရပ်နိုင်လောက်အောင်ဆိုးရွားလွန်း လာသည့် အတွက် ပတ်ဝန်းကျင်တ ဝိုက် အနံ့ လာရာအတိုင်းစူးစမ်းခဲ့ရာ အဆိုပါအခန်းထဲမှ ဖြစ်နိုင်ကြောင်း သံသယရှိလာသဖြင့်ညနေ ၅ နာရီခန့် တွင် ရဲတပ်ဖွဲ့ ဝင် နှစ်ဦးနှင့် အတူအခန်း ကို ဖွင့်ကြည့်ခဲ့သည်။
အခန်းအတွင်းသို့ ဝင်ကြည့်ခဲ့ရာတွင် ထင်ထားသည့်အတိုင်း တပ်ကြပ်ကြီးသန်းအေးဆိုသူသည် ခုတင်ဘေးရှိအောက် ကြမ်းပြင်ပေါ်တွင် စွပ်ကျယ်အင်္ကျီဝတ်ထားလျှက် သေဆုံးနေသည်ကို တွေ့ ရကြောင်း၊ တပ်မတော်စစ်သား စုဆောင်းရေး တပ်အမှတ်(၃)မှ တာဝန်ရှိသူများထံသို့ အကြောင်းကြားခဲ့ရာ ၄င်းတို့ ၏ မေတ္တာရပ်ခံချက်အရ စောင့်ဆိုင်းထားပြီး ဇူလိုင်၁၆ရက် ည၈းဝဝနာရီအထိ သိရှိရသော သတင်းများအရ နတ်မောက်မြို့  မြို့ မရဲစခန်းမှ ရဲလုပ်ငန်းများနှင့် အညီစစ်ဆေး ဆောင်ရွက် လျှက်ရှိကြောင်း သိရသည်။
No comments:
Post a Comment