Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Wednesday 17 July 2013

အမြန်လမ်းပေါ် အသေစောနေ သော ယာဉ်တိမ်းမှောက်မှု ဖြစ်စဉ် များတွင် လမ်း၏ ပြစ်ချက်ပါဝင်၊ အလျင်လို အမြန်ပြီးချင်ဇောကြောင့် လမ်းအရည်အသွေး ညံ့ဖျင်းခြင်းဟု ဆို

အမြန်လမ်းပေါ်၌ ဖြစ်ပွားနေ သော ယာဉ်တိမ်းမှောက်မှု ဖြစ်စဉ်များ ထဲတွင် လမ်း၏ပြစ်ချက်လည်း ပါဝင် နေသည်ဟု အမြန်လမ်း အင်ဂျင်နီယာ မှူးကြီး ဦးမျိုးမြင့်က ထုတ်ဖော်ပြော သည်။

''ကျွန်တော်တို့က မပြည့်မစုံသေး ဘဲနဲ့ ဖွင့်လိုက်ရတာပါ။ လမ်းပြစ်ချက် လည်း ပါပါတယ်။ ဒါကို မငြင်းပါဘူး''ဟု ၄င်းက ဆိုသည်

တပ်မတော်အစိုးရ လက်ထက်၌ တည်ဆောက်ပြီး ၂ဝဝ၉ ခုနှစ် မတ်လ တွင် ဖွင့်လှစ်ခဲ့သည့် ထိုအမြန်လမ်း တွင် ယာဉ်မတော်တဆဖြစ်မှုကြောင့် ၂ဝ၁၃ ခုနှစ် ဇူလိုင်အထိ သေဆုံးသူ ၂၅ဝ ခန့်ရှိကာ ထိခိုက်ဒဏ်ရာ ရရှိသူ ၇ဝဝ ကျော်သွားပြီဖြစ်သည်။

ကွန်ကရစ်ခင်းထားသည့် အတွက် ကြောင့် ယာဉ်များ မတော်တဆ တိမ်း မှောက်နေရသည်ဟု စွပ်စွဲမှုများရှိနေ သော်လည်း အင်ဂျင်နီယာ တစ်ဦးကမူ ထိုအချက်တစ်ခုတည်းအပေါ်ဆုံးဖြတ်ခြင်း က မှားယွင်းကြောင်း မှတ်ချက်ပြုသည်။

''ကွန်ကရစ်လမ်းက ဒီနိုင်ငံ တစ် နိုင်ငံတည်းမှာပဲရှိတာမဟုတ်ဘူး။ တခြား နိုင်ငံတွေမှာလည်း ရှိတယ်။ ဒါပြဿနာ မဟုတ်ဘူး။ ပြဿနာက အလျင်လိုခဲ့ကြ တဲ့ အမြန်လိုခဲ့ကြတဲ့ လူကြီးတွေရဲ့ စိတ်ဆန္ဒကြောင့် အမြန်လုပ်ပေးခဲ့ကြပြီး အရည်အသွေးစံချိန်စံညွှန်း ညံ့ဖျင်းကုန် လို့ဖြစ်တာ'' ဟု ရန်ကုန်-မန္တလေး အမြန် လမ်းပိုင်း၌ ကန်ထရိုက်ဝင်လုပ်ကိုင်နေ သူတစ်ဦးက ပြောသည်။

အလျင်လို၊ အမြန်လုပ်မှုများ ကြောင့် အောက်ခံလမ်းမြေသားမှာ မ ညက်ဖြစ်ကာ သုံးနှစ်ကျော်ကြာလာ သည့်အတွက် မြေသားနိမ့်ဆင်းမှုအချို့ ရှိလာနေကြောင်း၊ ထို့အတွက် လှိုင်း တွန့်ခြင်းများရှိနေရာ ယင်းကြောင့်လမ်း မှာ အင်္ဂါရပ်ချွတ်ယွင်းသွားကြောင်း၊ ထို လမ်းပေါ်မှ သတ်မှတ်မိုင်နှုန်း ထက် ကျော်ကာ မောင်းကြခြင်း၊ ကားတာယာ ကြံ့ခိုင်မှု စစ်ဆေးခြင်း မရှိဘဲ မောင်းနှင် ကြခြင်းတို့နှင့် ပေါင်းလိုက်ခြင်းဖြင့် ယခု ကဲ့သို့ အဖြစ်အပျက်များ ဖြစ်နေကြ သည်ဟု ၄င်းက ဆက်ပြောသည်။

''ရန်ကုန်-နေပြည်တော် လမ်းပိုင်း မှာ အဖြစ်များနေ တယ်။ နေပြည်တော်- မန္တလေးလမ်းပိုင်းမှာက အဖြစ်နည်းနေ တယ် လို့ ပြောတော့ အငြိမ်းစား ပညာ ရှင်တစ်ဦးက ဘယ်လိုပြောလဲဆိုရင် မင်းစောင့်ကြည့် အဲ့ဒါကမှ ပိုဆိုးလိမ့် မယ်လို့ ပြောတာ ကြားဖူးတယ်'' ဟု ၄င်းက ထပ်လောင်းဆိုသည်။

ယာဉ်တိမ်းမှောက်မှုများအနေဖြင့် နည်းပညာပိုင်း အကူအညီများရရန် အစိုးရအကြီးအကဲကိုယ်တိုင်နည်းပညာ မြင့်မားသည့် နိုင်ငံတို့ဆီသို့ တောင်းဆို ခဲ့ဖူးသည်။

အမေရိကန် အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးမှု အေဂျင်စီက ပြီးခဲ့ေ သာ နှစ်လ ခန့်က လမ်းတစ်လျှောက် စစ်ဆေးခဲ့ပြီး နည်းပညာ အကူ အညီပေးရန် စီစဉ်နေ ကြောင်း သိရသည်။

အင်ဂျင်နီယာမှူးကြီး ဦးမျိုးမြင့်က ယာဉ်မတော်တဆမှုတိုင်း လမ်းကြောင့် ချည်း မဟုတ်ဟု ပြောကာ အများစုက သတ်မှတ်မိုင်နှုန်းထက် ပိုမောင်းခဲ့ခြင်း ကြောင့် ဖြစ်သည်ဟု ပြောသည်။

ဇူလိုင်လ ဒုတိယပတ်အတွင်းမှာ ပင် ယာဉ်မတော်တဆ မှု ကြောင့် သေ ဆုံးသူ ၅ ဦးထက်မနည်းရှိရာ သက်မှတ် မိုင်နှုန်းထက် အဆမတန် ပိုမောင်းခဲ့ ခြင်း၊ နောက်မှနေ၍ ရှေ့ကားကို ဝင် တိုက်ခဲ့ခြင်း တို့ကြောင့်ဖြစ်သည်ဟု အ မြန်လမ်း မှတ်တမ်းများအရ သိရသည်။

ယခုရက်ပိုင်းအတွင်း ဖြစ်ပွားခဲ့ သော တေးသံရှင်ဆိုတေး ယာဉ် တိမ်း မှောက်မှုတွင်လည်း အရှိန်မြှင့်မောင်းနှင် ခြင်းကြောင့် ဖြစ်သည်ဟု ဦးမျိုးမြင့်က ပြောသည်။

''ကျွန်တော်တို့ စစ်ဆေးမှုတွေ အရ သူရန်ကုန်က ထွက်လာတဲ့ အချိန်၊ နေပြည်တော်ရောက်တဲ့အချိန်၊ အဲဒီက မိတ္ထီလာနား တွက်ကြည့်ရင် သတ်မှတ် ထားတဲ့ ကီလိုတွေထက်ကို ကျော်နေ တယ်''ဟု ၄င်းက ပြောသည်။

ယင်းဖြစ်စဉ်ကြောင့် ဆိုတေး၏ ဇနီး သေဆုံးကာ ဆိုတေးမှာ ပြင်း ထန် သော ဒဏ်ရာရရှိခဲ့သည်။နေပြည်တော် အမြန်လမ်းတွင်ယာဉ် ၇ သန်းကျော်ဖြတ် သန်းခဲ့ပြီး အမှုဖြစ်စဉ်မှာ ၁ဝဝဝ ပင် မ ကျော်ဟု သိရသည်။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့