လုပ်ငန်းခွင်သွားရောက်ရန် စောင့်ဆိုင်းနေသည့် မြန်မာအလုပ်သမားတချို့ ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ မြန်မာနိုင်ငံက ရွှေ့ပြောင်းအလုပ်သမားတွေကို ရဲတွေက ပစ်မှတ်ထား ဖမ်းဆီးနေပါတယ်။
ဇူလိုင်လ အစောပိုင်းက စတင်ခဲ့တဲ့ ဖမ်းဆီးနှိမ်နင်းမှုတွေကြောင့် မြန်မာ့ရွှေ့ပြောင်း အလုပ်သမားတွေ ရာနဲ့ချီ အဖမ်းဆီးခံခဲ့ရတယ်လို့ အလုပ်သမားအရေး ဆောင်ရွက်နေသူတွေ့နဲ့ ရွှေ့ပြောင်းအလုပ်သမားတွေက ပြောပါတယ်။
အရင်ရက်ပိုင်းက ရွှေ့ပြောင်းအလုပ်သမားတွေနဲ့ ထိုင်းတွေအကြား အချင်းများ ရန်ဖြစ်တဲ့ အတွက် ရွှေ့ပြောင်းအလုပ်သမားတွေကို အထောက်အထားနဲ့ ဗီဇာတွေကို စစ်ဆေးဖို့ ရဲတွေကို အမိန့်ပေးခဲ့တာလို့ ထိုင်းက ရဲတပ်ဖွဲ့တွေနဲ့ သွားရောက် တွေ့ဆုံဆွေးနွေးခဲ့တဲ့ အလုပ်သမား စည်းလုံးညီညွတ်ရေးအဖွဲ့က စိုင်းဆိုင်းမိဏ်းက ပြောပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ ချင်းမိုင်မြို့ ချန်းဖိုတ်ရဲစခန်း ပြန်ကြားရေးဌာန တာဝန်ကျ ရဲတပ်ကြပ်ကြီး ခွန်ဝိကျစ်က “ချင်းမိုင်မြို့ထဲမှာ ခိုက်ရန်ဖြစ်ပွားပြီး ဓားတွေ၊ လက်နက်တွေနဲ့ ရိုက်နှက်သတ်ဖြတ်တာရှိခဲ့တယ်။ လမ်းသွားလမ်းလာ ပြည်သူတွေကိုပါ ထိခိုက်ပြီး အထိတ်တလန့် ဖြစ်အောင်လုပ်တယ်။ ဆိုင်ကယ်တွေကို စည်းမဲ့ကမ်းမဲ့မောင်းနှင်တာ ရှိတယ်။ အဲဒါကြောင့် ရဲညွန်ကြားရေးမှူးချုပ်ရုံးကနေ အထူးနှိမ်နင်းရေးလုပ်ဖို့ အမိန့်စာ ထုတ်ထားပါတယ်။ ဖမ်းဆီးစစ်ဆေးတဲ့အခါ ရှမ်းလူမျိုးရယ်လို့မှမဟုတ်ပါဘူး။ ဥပဒေမဲ့ ပြုကျင့်သူ အားလုံးကို စစ်ဆေး ဖမ်းဆီးပါတယ်။ ထိုင်းလူမျိုးတွေလည်းပါတယ်။ သောင်းကျန်းရမ်းကားမှုတွေ ရှိသရွေ့ ဖမ်းဆီးနေမှာ ဖြစ်တယ်။ အထူးနှိမ်နင်းရေးကာလ ဘယ်တော့ပြီးဆုံးရမလဲဆိုတာ ညွန်ချုပ်ရုံးက အမိန့်ပေါ် မူတည်ပါတယ်” လို့ ပြောပါတယ်။
ဖမ်းဆီးထားတဲ့ ရွှေ့ပြောင်း အလုပ်သမားအရေအတွက်ကိုတော့ သူက ပြောကြားခြင်းမရှိပါဘူး။
အခုလို ဖမ်းဆီးတဲ့အတွက် မြန်မာရွှေ့ပြောင်းအလုပ်သမား ၈၀ ရာခိုင်နှုန်းလောက် အလုပ် လုပ်ကိုင်နေတဲ့ ဆောက်လုပ်ရေးလုပ်ငန်းတွေဟာ ခြောက်ကပ်သွားတယ်လို့ ထိုင်းသတင်း ဌာနတွေက ရေးပါတယ်။
ချင်းမိုင်မြို့အခြေစိုက် ရွှေ့ပြောင်းအလုပ်သမားအရေး ဆောင်ရွက်ပေးနေတဲ့ မက်ပ် (Map) ဖောင်ဒေးရှင်းအဖွဲ့မှ သတင်းတာဝန်ခံ တုမ်မောက်ဟန်က အခုလို ဖမ်းဆီးမှုတွေကြောင့် အလုပ်သမားတွေက ဖုန်းနဲ့ဆက်သွယ်မေးမြန်းတာတွေ ရှိနေတယ်လို့ ရှင်းပြပါတယ်။
“ဖုန်းနဲ့ ဆက်သွယ်မေးမြန်းတာတွေ ရှိတယ်။ တိုက်ရိုက်အဖမ်းခံရတဲ့ အလုပ်သမားတွေကနေ ဆက်သွယ်လာတာတော့ မရှိဘူး။ out reach (အလုပ်သမားအရေး ကွင်းဆင်းလေ့လာရေး) အသင်းရှိတယ်လေ။ သူတို့ out reach သွားတဲ့အချိန်မှာ သူတို့ သူငယ်ချင်းတွေနဲ့ အသိတွေအဖမ်းခံရတာ ရှိတယ်။”
အခုလို ဖမ်းဆီးတာတွေ လုပ်ဆောင်နေတဲ့အတွက် ချင်းမိုင်က ရွှေ့ပြောင်းအလုပ်သမားတွေအကြား သွားရေး လာရေး ခက်ခဲနေတဲ့ကြောင်း ရှမ်းလူငယ်တဦးက ရှင်းပြပါတယ်။
“မြို့ထဲသွားလာရေး အများကြီးကြောက်ရတယ်။ Check Point တွေမှာ အများကြီး ထား စောင့်ကြည့်နေတယ်လေ။ သွားလာရေး ပြဿနာ ကြုံနေရတယ်။ အလုပ်လုပ်နေတဲ့နေရာမှာလည်း ထိုင်းရဲ ၀င်စစ်ဆေးတာ ခံရတယ်။ ကျနော်နေတဲ့အိမ်အနီးအနားမှာလည်း တရက်တည်းနဲ့ ၃ ကြိမ် ၀င်စစ်ဆေးတာ လုပ်တယ်။”
ထိုင်းနိုင်ငံဆိုင် မြန်မာသံရုံး အလုပ်သမားသံအရာရှိ ဦးကျော်လွင်က ဒီကိစ္စနဲ့ ပတ်သက်ပြီး ဒီမနက် ထိုင်းလ၀ကနဲ့ အလုပ်သမားဝန်ကြီးဌာကို မေးမြန်းရာမှာ ၂ ရက်နေ့နဲ့ ၃ ရက်နေ့က အထောက်အထားမဲ့ မြန်မာအလုပ်သမား မြန်မာအလုပ်သမား ၇၀ ကျော်ကို ဖမ်းဆီးပြီး နယ်စပ်ပြန်ပို့လိုက်ကြောင်း ပြောတယ်လို့ ဆိုပါတယ်။
အခုလို မြန်မာအလုပ်သမားတွေ ဖမ်းဆီးခံရတာနဲ့ ပတ်သက်ပြီး ဦးကျော်လွင်က “သူတို့ရဲ့ ဥပဒေအတိုင်းဆိုရင်တော့ ကျနော်တို့လည်း ဘာမှ လုပ်ပေးလို့မရဘူး။ ဥပဒေထဲမှာ မပါတဲ့သူတွေကိုတော့ အမြန်ဆုံး ပြန်လွှတ်ပေးမယ်ပြောထားတယ်။ အထောက်အထားတွေ ရှိဖို့တော့ လိုအပ်ပါတယ်။ အထောက်အထားရှိရင် အလုပ်ရှင်က လာခေါ်ရင် အကုန်ပြန်လွှတ်ပေးတယ်လို့ ပြောတယ်။ အခု အထောက်အထားတွေ လုပ်ပေးနေတဲ့အချိန်မှာ လုပ်ထားဖို့ လိုအပ်တယ်လို့ မြန်မာအလုပ်သမားတွေကို သိစေချင်တယ်။”
ချင်းမိုင်မှာ သိန်းချီတဲ့ မြန်မာနိုင်ငံက ရွှေ့ပြောင်းအလုပ်သမားတွေ လာရောက်အလုပ် လုပ်ကိုင်နေသလို အများစုဟာ ရှမ်းလူမျိုးတွေ ဖြစ်ပါတယ်။
Search This Blog
အဖွဲ့ဝင်မယ်..Followers
သတင်း
ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ
Friday, 5 July 2013
ချင်းမိုင်တွင် မြန်မာရွှေ့ပြောင်းအလုပ်သမားများကို ဖမ်းဆီး
Subscribe to:
Post Comments (Atom)
နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့
-
▼
2013
(4597)
-
▼
July
(645)
- ယာဉ်နောက်လိုက်၏ ဦးခေါင်း (၃၉) အထူးယာဉ် ကြိတ်
- မိုးအဆက်မပြတ် ရွာသွန်းသဖြင့် ရေကြီး ရေလျှံမှုများ မ...
- ပါကစ္စတန် အကျဉ်းထောင်ကို တာလီဘန်တွေက တိုက်ခိုက်ခဲ့
- ချင်းတွင်းမြစ်ရေ တိုက်စားမှုကြောင့် ကနီမြို့တာရိုြး...
- ကလေးတွေ ပြည့်တန်ဆာ အဖြစ် အသုံးချခံနေရတာကိုFBIနှိမ်...
- တရားဝင်မှတ်ပုံတင်ဖို့ ကားစာရင်း ပေးပို့ရန် တောင်ပိ...
- တရားရုံးက စီရင်လိုက်သည့်အမှုများကို ဝေဖန်နိုင်ပြီ
- မိန်းကလေး စိတ်ပေါက်နေသူနှင့် ခုနစ်နှစ်ကြာ ချစ်ကြို...
- ပရိသတ်ရင်ထဲလည်း မရောက်နိုင်ဘူးဆိုရင် မရိုက်ချင်တော...
- ကိုယ့်မြန်မာ ဝတ်စုံတွေကိုတော့ မပျောက်ပျက် စေချင်ဘူ...
- ကော လာ ဟ လ နဲ့ စံရတီမိုးမြင့်
- နှိပ်စက်ညှင်းပန်း ခြိမ်းခြောက်ပြီး ပရောဂါလို့ စွပ်...
- အဓမ္မပြုကျင့်ခံရသည်ဆိုသော သူငယ်တန်းကျောင်းသူနှင့် အ...
- မိခင်အလောင်းကို စားသောက်သူအဖြစ် သံသယရှိသူကို ရဲမျာ...
- ဆက်သွယ်ရေးဝန်ကြီးဟုဆိုကာ ငွေကျပ် သိန်း ၅၀ ကျော် လိ...
- တစ်လအတွင်း ဗီဒီယိုဇာတ်ကား ၂၁ ကား ဆင်ဆာထိနေ
- The Voice Weekly Vol.9/No.29
- ဇူလိုင်လ (၂၇)ရက်နေ့ ထုတ် မြန်မာသံတော်ဆင့် အပတ်စဉ် ...
- ဇူလိုင်လ (၂၆)ရက်နေ့ ထုတ် Focus Online ဂျာနယ် အတွဲ(...
- ဇူလိုင်လ (၂၃)ရက်နေ့ ထုတ် ကုမုဒြာ ဂျာနယ် အတွဲ ၃၊ အမ...
- ဇူလိုင်လ (၂၇)ရက်နေ့ ထုတ် မြန်မာ့အလင်း နေ့ စဉ် သတင်းစာ
- ဇူလိုင်လ (၂၇)ရက်နေ့ ထုတ် ကြေးမုံ နေ့ စဉ် သတင်းစာ
- ဌာနေ ပြန်ချင်တဲ့ မလေးရှားရောက် မြန်မာတွေ အခက်တွေ့နေ
- Adobe Photoshop Cs4
- ဆက်သွယ်ရေးနှင့် သတင်း အချက်အလက်နည်းပညာ ၀န်ကြီးဌာန၊
- 'V Root အသုံးပြုပုံလေးပါ ...'
- 'Android Phone တော်တော်များများကို Root လုပ်ပေးနို...
- အရှင်သာရိပုတ္တရာ မထေရ်မြတ်၏ အမျက်ဖြေတရား"'
- 'အပျိုသီလ'
- Free Make Video Converter အရမ်းအသုံးတည့်ပါတယ်'
- 'wifi တွေကိုလွယ်ကူစွာရှာဖွေရင် wifi radar ကိုသုံးပါ'
- အလွယ်ကူဆုံး ထိုင်းစကားပြော စာအုပ်လေး
- ကိုယ်ချင်းစာ နာခဲ့ရပြီ'
- မန္တလေး ပေါက်ကွဲမှုအတွက် မသင်္ကာသူများကို စတင် စစ်ဆေး
- ဗိုလ်ချုပ်စိုးရှိန် သေနတ်ဖြင့် ခြိမ်းခြောက်မှု တောင...
- လက်ပံတောင်း ကြေးနီမိုင်း စက်တင်ဘာမှာ ပြန်စမည်
- အာဂျင်တီးနားနိုင်ငံမှ H1N1 ဗိုင်းရပ်ပိုးကူးစက်မှြုေ...
- ထိုင်းအစိုးရမှ လျှပ်စစ်စွမ်းအင် ကဏ္ဍအတွက် ဆိုလာပြားမ...
- စပိန်နိုင်ငံတွင် မီးရထားလမ်းမတော်တဆမှု ဖြစ်ပွားခဲ့
- ဂျပန်မြေအောက်မီးရထားအတွင်း ဖက်ရှင်ရှိုးတစ်ခု ကျင်းပ...
- ယခုလ အတွင်း အာရှဒေသမှ ဘုရာဖူး အများအပြား ရွှေတိဂုံေ...
- ဂျပန်နိုင်ငံမှ လှူဒါန်းသည့် မီးသတ်ယာဉ်များအား အမြန...
- တန်ချိန် ၃၃၃ တန်ရှိ ကြေးသွန်း ခေါင်းလောင်းကြီး တစ်...
- ဆီးဂိမ်းအတွက် ဆိုင်းဘုတ်ကိုင် အမျိုးသမီး Volunteer...
- ဂျာမနီနိုင်ငံမှ တရားဥပဒေပိုင်း ဆိုင်ရာတွင် ကူညီမှုမ...
- မလေးရှားပြန် အလုပ်သမား ၅၃၀ အား အလုပ်နေရာများ ပြန်လ...
- အာမခံ ကုမ္ပဏီ ၃ ခုအား သြဂုတ်လဆန်းပိုင်း ခန့်တွင် လု...
- ဇူလိုင်လ ၂၆ရက်နေ့ အတွက် မိုးလေ၀သ ခန့်မှန်းချက်
- ပင်လယ်ပြင် ငါးဖမ်းဆီးရေးကို ၇၅ ရာခိုင်နှုန်းထက် မပိ...
- ကံစမ်းမဲပေါက်သည်ဟု ပြောဆို လိမ်လည်သူတွေ ဖမ်းမိ
- သမီး ယောက်ဖချင်းစကားများ ရန်ဖြစ်ရာမှ လူသတ်မှုဖြစ်
- လွှတ်တော် ဥပဒေ မူကြမ်း ကိစ္စ လွှတ်တော်နဲ့ သမ္မတ သဘော...
- ရေအောက် cable ဆက်ကြောင်းပြင်ဆင်မှု ကြိုးစားဆဲ
- စာချုပ်သစ်အတိုင်း ကြေးနီစီမံကိန်း ကို အကောင်အထည်ေ...
- လက်ပန်းတောင်းတောင် စာချုပ်သစ်အပေါ် ဆန္ဒပြ
- ဧရာဝတီတိုင်းတွင် ရေကြီးရေလျှံမှု ဖြစ်ပွား
- ပါရမီ/အဓိပတိ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်အား အရေ...
- ထိုင်းနယ်စပ်က၀င်သည့် နိုင်ငံခြားသားများ နှစ်သက်ရာလ...
- အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်အဖွဲ့ဝင်များ ...
- ဧရာဝတီတိုင်းတွင် ရေကြီးမည့် ဘေးအန္တရာယ်ရှိဟု မိုးလေ...
- ၂၀၁၅ မြန်မာနိုင်ငံတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှ...
- ထားဝယ်တွင် ရေကြီး
- ပုသိမ် ရေနက်ဆိပ်ကမ်းဆောက်ရန် ဒေသခံ လယ်သမားများငြင်...
- စည်းမဲ့ကမ်းမဲ့ သစ်ခိုးထုတ်မှူကြောင့် မေယူတောင်တန်း...
- တရုတ်သို့ရောင်းချမည့် ခွေးနှစ်ရာ ပြန်ရွေးရန်ငွေလို
- ဝန်ကြီးအပြောင်းအလဲတွေအပေါ် သုံးသပ်ချက်
- အမ်းမြို့နယ်တွင် ကျောင်းဆရာမ တစ်ဦး ရဲဒင်းဖြင့် ခုတ...
- ဇူလိုင်လ (၂၇)ရက်နေ့ ထုတ် Net Guide Journal Vol 2 I...
- ဇူလိုင်လ (၂၆)ရက်နေ့ ထုတ် EURO SPORTS Journal (VOL....
- ဇူလိုင်လ (၂၅)ရက်နေ့ ထုတ် အားကစားမြင်ကွင်း ဂျာနယ် အ...
- ဇူလိုင်လ (၂၄)ရက်နေ့ ထုတ် 7Day News ဂျာနယ် အတ...
- ဝိုင်းမော်မြို့နယ်အတွင်း စိတ်ကြွဆေးပြား ၊ ဘိန်းဖြူ...
- ယနေ့ ည မြစ်ကြီးနားမြို့ မှာ သိန်းရာနှင့်ချီ တန်းဖု...
- စင်္ကာပူလို ဖြစ်ချင်ရင် ဒါတွေကိုပါ အတုခိုးဖို့ လိုမယ...
- ဆံပင်ကျွတ်ခြင်းကို ကာကွယ်နိုင်သော အစားအစာ အုပ်စုေ...
- ချမ်းသာဖို့ နည်းလမ်း(၇)သွယ်
- ကြေးနီစီမံကိန်း ကော်မရှင်အကြံပြုချက်များ အကောင်ထည်...
- ယာဉ်ဖြတ်ကူးစဉ် တံတား ကျိုးကျသော်လည်းထိခိုက်ဒဏ်ရာ ...
- ခရီးသွားများ လူနေအိမ် နေခွင့်မရှိ
- မြစ်ရေတင်စီမံကိန်းအတွင်း အဓမ္မလုပ်အားပေးခိုင်းစေ ဟုဆို
- အင်ဒိုနီးရှားငါးဖမ်းလှေပေါ်မှ မြန်မာလုပ်သားများကို ...
- မန္တလေးပေါက်ကွဲမှု သံသယရှိသူများကို ဖမ်းဆီးစစ်ဆေးနေ
- ပြည်နယ်နှင့် တိုင်းအစိုးရများ ငွေကို စနစ်တကျသုံးစွ...
- အမျိုးသားကျန်းမာရေးမူဝါဒ လွှတ်တော်တင်ရန် ကြန့်ကြာမည...
- ပြည်ပ ရင်းနှီးမြုပ်နှံမှုတွင် အဟန့်အတားဖြစ်နေသောေ...
- ငါးဖမ်းစက်လှေ၌ လူသေအလောင်း ပါရှိလာ
- မလေးရှာနိုင်ငံမှ နိုင်ငံကူးလက်မှတ်စာအုပ် အတုများဖြ...
- သမီးဖြစ်သူ အသက် ၁၃ နှစ်အရွယ်ကို ရည်းစားက အဓမ္မကျင့်...
- သြစီခိုလုံခွင့်တောင်းခံသူ မူဝါဒသစ်ကို အင်ဒိုဝေဖန်
- ဗီဒီယိုရိုက်ကွင်း ဖြစ်လာတဲ့ ဦးခင်ညွန့်ရဲ့ ကော်ဖီဆိုင်
- ဇူလိုင်လ (၂၅)ရက်နေ့ ထုတ် မြန်မာ့အလင်း နေ့ စဉ် သတင်းစာ
- ဇူလိုင်လ (၂၄)ရက်နေ့ ထုတ် SHADE ဂျာနယ်၊ အတွဲ(၇)၊အမှ...
- ဇူလိုင်လ (၂၄)ရက်နေ့ ထုတ် ကျန်းမာရေးနှင့် အလှအပ ဂျာ...
- ဇူလိုင်လ (၂၅)ရက်နေ့ ထုတ် ပြည်မြန်မာသတင်း ဂျာနယ် အမ...
- ကင်ဆာ တိုက်ဖျက်ရန် ဆေးသစ် ထုတ်လုပ်နိုင်ပြီဟု ကျူးဘ...
- ကော့သောင်းမြို့ နယ်စပ်စခန်း မှ နိုင်ငံခြားသားများ ...
- ပွဲတော်လာလှည်းတို့ရဲ့ ကျက်သရေ
- တပ်သားများ အဓမ္မ စုဆောင်းခြင်း မရှိဟု ကာကွယ်ရေး ဒုဝ...
- တက္ကစီနှင့်ဆိုင်ကယ် မျက်နှာချင်းဆိုင်တိုက်၊ နှစ်ဦးသေ
- အကြမ်းဖက်ဝါဒနှင့်အကြမ်းဖက်လုပ်ရပ် ပြင်း ထန်စွာ ရှုတ...
-
▼
July
(645)
No comments:
Post a Comment