Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Friday 5 July 2013

စက်မှုဇုန်များသို့ ဓာတ်အား ထုတ်လုပ် ဖြန့်ဖြူးရန် ပြည်တွင်း၊ ပြည်ပ ရင်းနှီးမြှုပ်နှံ လိုသူများအား တင်ဒါခေါ်ယူ လျက်ရှိ


ရန်ကုန်တိုင်း ဒေသကြီး အတွင်းရှိ စက်မှုဇုန် ၁၅ ခုကို စဉ်ဆက်မပြတ် ဓာတ်အား ထုတ်လုပ် ဖြန့်ဖြူးနိုင်ဖို့ အတွက် ပြည်တွင်း၊ ပြည်ပ ရင်းနှီးမြှုပ်နှံ လိုသူများကို
တင်ဒါခေါ်ယူလျက် ရှိတယ်လို့ ရန်ကုန်မြို့တော် လျှပ်စစ် ဓာတ်အားပေးရေး အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောကြားချက် အရ သိရပါတယ်။ အခုလို တင်ဒါခေါ်ယူ ရခြင်းဟာ ရန်ကုန်တိုင်း ဒေသကြီး အတွင်းရှိ စက်မှုဇုန်တွေ အနေနဲ့ ဓာတ်အား စဉ်ဆက်မပြတ် ရရှိရန် အတွက် ပြုလုပ်တာ ဖြစ်ပါတယ်။
 
ယခုလက်ရှိ မှာဆိုရင် ဓာတ်အား မလုံလောက် မှုကြောင့် စက်မှုဇုန်များကို ဓာတ်အား ပေးရာမှာ၂ ပိုင်း ခွဲကာ ဓာတ်အားပေး နေရတာ ဖြစ်တယ်လို့ သိရပါတယ်။ ဒီလို ဓာတ်အား ပေးမှုများ ပြုလုပ်နေ ပေမယ့်လည်း လာမယ့် ၂၀၁၅ ခုနှစ်အထိ ဓာတ်အားများ လုံလောက်မှု မရှိသေးကြောင်း သိရပါတယ်။ ရန်ကုန်တိုင်း ဒေသကြီး အတွင်း လက်ရှိ ဓာတ်အားပေးမှုဟာ လူနေအိမ်များကို ၈၅၀ မဂ္ဂါဝပ်သာ ပေးနိုင်ပြီး စက်မှုဇုန်တွေ ကိုတော့ ၁၈၀ မဂ္ဂါဝပ်ကို ခွဲဝေပေး နေတာ ဖြစ်ပါတယ်။
 
အဲ့ဒီလို ဓာတ်အား မလုံလောက်မှုများ အတွက် စက်မှုဇုန်များကို နွေရာသီမှာပါ ဓာတ်အား အပြည့် ပေးနိုင်ရန် ပြည်တွင်း၊ ပြည်ပမှ ရင်းနှီးမြှုပ်နှံ လိုသူများကို စက်မှုဇုန်များနဲ့ ချိတ်ဆက်ပေးပြီး ဓာတ်အား ဖြန့်ဖြူးပေး နိုင်ရန် ဆောင်ရွက်ပေး သွားမှာ ဖြစ်ပါတယ်။ အဆိုပါ ဓာတ်အား ဖြန့်ဖြူးခြင်း အတွက် ရင်းနှီးမြှုပ်နှံ လိုတဲ့ ပြည်တွင်း၊ ပြည်ပ လုပ်ငန်းရှင်တွေ အနေနဲ့ အဆိုပြုလွှာ များကို ဇူလိုင်လ ၃၁ ရက်နေ့ နောက်ဆုံး ထားပြီး တင်သွင်းရမှာ ဖြစ်တယ်လို့ သိရပါတယ်။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့