Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Friday, 5 July 2013

ငွေစုစာအုပ်ထဲရှိ ငွေသားများကို MPU ကဒ်၊ ATM ကဒ်များနှင့် ထုတ်ယူနိုင်ပြီဖြစ်

  ဘဏ်လုပ်ငန်း အသိုင်းအ၀ိုင်းမှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောကြားချက် အရ MPU ကဒ်၊ ATM ကဒ်များထဲမှာ ထည့်သွင်း ထားတဲ့ ငွေသားများ ကုန်သွားခြင်း၊
ပိုက်ဆံ မလောက်ခြင်းတို့ ဖြစ်ပါက မိမိတို့ရဲ့ ငွေစုစာအုပ်ထဲက ပိုက်ဆံများကို MPU ကဒ်၊ ATM ကဒ်များနဲ့ ထုတ်ယူလို့ ရနေပြီ ဖြစ်တယ်လို့ သိရပါတယ်။ အခုလို MPU ကဒ်၊ ATM ကဒ်များနဲ့ ငွေစုစာအုပ်ထဲရှိ ငွေသားများ ထုတ်နိုင်ဖို့ အတွက် ကို မိမိတို့ရဲ့သက်ဆိုင်ရာ ဘဏ်များမှာ Auto Link လာရောက် လုပ်ရမှာ ဖြစ်တယ်လို့ သိရပါတယ်။
 
လက်ရှိမှာ အခုလို MPU ကဒ်၊ ATM ကဒ်များနဲ့ ငွေစုစာအုပ်ထဲရှိ ပိုက်ဆံများ ထုတ်နိုင်တဲ့ စနစ်ကို ဆောင်ရွက်နေပြီ ဖြစ်တဲ့ ဘဏ်တွေ ကတော့ သမ၀ါယမဘဏ်၊ ဧရာဝတီဘဏ်နဲ့ မြ၀တီဘဏ် စတဲ့ ဘဏ်များ ဖြစ်တယ်လို့ သိရပါတယ်။ ဒီလို MPU ကဒ်၊ ATM ကဒ်များနဲ့ ငွေစုစာအုပ်ထဲမှ ငွေသားများကို ပိုက်ဆံတွေကို ထုတ်ယူလို့ရတဲ့ အတွက် အချိန်ကာလမရွေး မိမိတို့ ငွေစုစာအုပ်ထဲရှိ ငွေသားတွေကို ထုတ်ယူနိုင်ခြင်း စတဲ့ အကျိုးကျေးဇူးများ ရရှိမှာပဲ ဖြစ်ပါတယ်။ အခုလက်ရှိ ပြည်တွင်းမှာ ATM ကဒ် သုံးစွဲသူဟာ တစ်သိန်း ကျော်ရှိနေပြီး MPU ကဒ် သုံးစွဲသူ ၂ သိန်းကျော် ရှိနေပြီပဲ ဖြစ်ပါတယ်။

   

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့