Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Friday 5 July 2013

MAPCO လယ်ယာ စီးပွားအများပိုင် ကော်ပိုရေးရှင်းမှ အာမခံချက်ဖြင့် တိုင်းဒေသကြီးများတွင် ပေါင်းဆန်စက်များ ထားသွားရန်ရှိ


MAPCO လယ်ယာ စီးပွား အများပိုင် ကော်ပိုရေးရှင်းနဲ့ မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ်တို့ ပူးပေါင်းပြီး တိုင်းဒေသကြီး ၃ ခုမှာ ပေါင်းဆန်စက် အလုံး
၂၀ ကို ချထားပေး သွားမှာ ဖြစ်တယ်လို့ ဆန်စပါး အသင်းချုပ်မှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောကြားချက် အရ သိရပါတယ်။ အဆိုပါ တိုင်းဒေသကြီး ၃ ခုဟာဆိုရင် ရန်ကုန်တိုင်း ဒေသကြီး၊ ဧရာဝတီတိုင်း ဒေသကြီးနဲ့ ပဲခူးတိုင်း ဒေသကြီးတို့ ဖြစ်ပါတယ်။
 
အဲဒီလို ထားရှိပေးရာ မှာဆိုရင် အိန်္ဒိယနိုင်ငံမှ ပေါင်းဆန်စက် များကို MAPCO မှ အာမခံချက် ပေးပြီး အရစ်ကျ စနစ်နဲ့ ရောင်းချပေးကာ ၀ယ်ယူသူများ အနေနဲ့ ၃ နှစ် အရစ်ကျပေးချေ သွားရမှာ ဖြစ်ပါတယ်။ ယခုလက်ရှိ မှာတော့ ပေါင်းဆန်စက်များကို စတင် တပ်ဆင်နေပြီ ဖြစ်တယ်လို့ သိရပါတယ်။ ပြည်တွင်းမှာ လက်ရှိ အနေနဲ့ ပေါင်းဆန်စက်များ နည်းပါးနေတဲ့ အတွက် ပေါင်းဆန် ထုတ်လုပ်မှု ဟာလည်း နည်းပါး နေတာ ဖြစ်ပါတယ်။ လက်ရှိမှာ ပြည်တွင်းမှ ပေါင်းဆန်များ တင်ပို့ရာမှာ တန်ချိန် သုံးထောင်သာ တင်ပို့နိုင်ပြီး အခုလို ပေါင်းဆန်စက်များ ပိုမို တပ်ဆင်ပြီးပါက တန်ချိန် တစ်သောင်း ငါးထောင်ထိ တင်ပို့နိုင်မှာ ဖြစ်ပြီး တင်ပို့မှု ကိုတော့ ၂၀၁၄ ခုနှစ်မှ စတင် သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့