Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Friday 5 July 2013

ပြီးခဲ့သည့် ဇွန်လ အတွင်း ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ခရီးသည် လေးသောင်းငါး ထောင်ကျော် ၀င်ရောက်ခဲ့


ရန်ကုန် အပြည်ပြည် ဆိုင်ရာ လေဆိပ်မှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောကြားချက် အရ ပြီးခဲ့တဲ့ ဇွန်လ အတွင်း ရန်ကုန် အပြည်ပြည် ဆိုင်ရာ လေဆိပ်သို့
ခရီးသည် လေးသောင်း ငါးထောင်ကျော် ၀င်ရောက် ခဲ့တယ်လို့ သိရပါတယ်။ အခုလို ခရီးသည် လေးသောင်း ငါးထောင် ကျော်ထဲကမှ ကမ္ဘာလှည့် ခရီးသည် နှစ်သောင်း နှစ်ထောင့် ကိုရာ လေးဆယ်ဦး၊ အခြား ခရီးသည် နှစ်သောင်း နှစ်ထောင့် ခြောက်ရာ ရှစ်ဆယ့်ကိုးဦးတို့ ၀င်ရောက်ခဲ့ ကြတာ ဖြစ်တယ်လို့ သိရပါတယ်။
 
ဒီလို ၀င်ရောက်ရာ မှာတော့ ပြီးခဲ့တဲ့ ဇွန်လ အတွင်းမှာ တရုတ်နိုင်ငံမှ လေးထောင့် လေးရာ ငါးဆယ့်ကိုးဦးနဲ့ ထိုင်းနိုင်ငံမှ ခုနှစ်ထောင့် ကိုးရာ ခုနှစ်ဆယ့်လေး ဦးနဲ့ အများဆုံး ၀င်ရောက်ခဲ့ပြီး အဲ့ဒီနောက် မှာတော့ ဂျပန်နိုင်ငံမှ လေးထောင့်ငါးရာ ငါးဆယ်ရှစ်ဦး ကိုရီးယားနိုင်ငံမှ သုံးထောင့် ရှစ်ရာ ခြောက်ဆယ့်ကိုးဦးနဲ့ အနောက်နိုင်ငံ ဖြစ်တဲ့ အမေရိကန် နိုင်ငံမှ နှစ်ထောင့် ကိုးရာ လေးဆယ်ဦးတို့ အသီးသီး ၀င်ရောက် လှည့်ပတ်ခဲ့ ကြတာ ဖြစ်တယ်လို့ သိရပါတယ်။ ဒါ့အပြင် ယခု ၂၀၁၃ ခုနှစ်၊ ဇန်န၀ါရီလမှ ဇွန်လကုန် အထိ ခရီးသွားဦးရေ ကတော့ သုံးသိန်း သုံးသောင်း လေးထောင့် ရှစ်ရာ သုံးဆယ့်နှစ်ဦး ရှိနေခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့