Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Friday 5 July 2013

Myanmar Payment Union နဲ့ JCBတို့ သဘောတူညီမှု စာချုပ် ချုပ်ဆိုခဲ့


MPU Member Bank များမှာ JCB Card ကို အသုံးပြုနိုင်ဖို့ အတွက် MPU နဲ့ ဂျပန် နိုင်ငံရဲ့ JCB International (JCBI) တို့ဟာ ဇူလိုင်လ ၄ ရက်နေ့က
ချက်ထရီယံ ဟိုတယ်မှာ သဘော တူညီမှု စာချုပ် ချုပ်ဆိုခဲ့တယ်လို့ သိရပါတယ်။ အဆိုပါ JCB ကတ်ကိုတော့ ပြည်တွင်းမှာ နေထိုင်တဲ့ နိုင်ငံခြား ဧည့်သည် များဟာ MPU နဲ့ ချိတ်ဆက် ထားတဲ့ ATM စက်များမှာ ထုတ်ယူ သုံးစွဲနိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။
 
ယခုလက်ရှိ မှာတော့ JCB ကတ်ကို နိုင်ငံပေါင်း ၁၆ နိုင်ငံမှာ အသုံးပြုနေပြီး JCB ကတ်ကို ကိုင်ဆောင်ထားသူ လူဦးရေဟာ ကမ္ဘာတစ်ဝှမ်းမှာ ၈၀ မီလီယံခန့် ရှိတယ်လို့ သိရပါတယ်။ ဒါ့အပြင် ပြည်တွင်းမှာ MPU ကတ်ကို အသုံးပြုသူဟာ ၂ သိန်းခွဲခန့် ရှိတယ်လို့ သိရှိရပါတယ်။
   

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့