Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Tuesday 17 July 2012

ရုပ်ရှင်ကြိုက်သူများအကြိုက် မရှိမဖြစ် "AirAV"

ရုပ်ရှင် အလွန်ကြိုက်တဲ့ ကျွန်တော်ကတော့ အလုပ်က ပြန်လာတာနဲ့  Internet မှာ quality ကောင်းကောင်းနဲ့  အသစ်တက်လာတဲ့ ဇာတ်ကားတွေကို မလွတ်တမ်း download လုပ်လေ့ရှိပါတယ်။
ကျွန်တော် Download လုပ်တဲ့ site တွေက Movie တွေကို .mkv format နဲ့  အပိုင်းလေးတွေ ခွဲပြီးတင်ပေးလို့  Part1,2,3,4 စတဲ့ အပိုင်းလေးတွေ Join လုပ်ပြီးမှ ပြန်ကြည့် ရပါတယ်။ Download သာနေ့ တိုင်း နီးပါးလုပ်နေတာ ဇာတ်ကားတွေတော့ မကြည့်ဖြစ်ပါဘူး၊ ဒီတော့ လမ်းသွားရင်း၊ အလုပ်အားတဲ့ အချိန်တွေမှာ ကြည့်ရအောင်.....

iPad ထဲထည့်ဖို့  အတွက် .mp4 format ဖြစ်အောင် convert လုပ်ပြီးမှ ထည့်ရပါတယ်။ တစ်ခါတစ်ခါ Convert လှန်တဲ့ အချိန်က ကြာလွန်းလို့  ရုပ်ရှင်သာ ထိုင်ကြည့်လိုက်ချင်ပါတော့တယ်... မနက်ကျရင် ထည့်သွားမယ့် ရုပ်ရှင်တွေကို ညအိပ်ချိန်မှာ တန်းစီ convert လုပ်ထားရပါတယ်။

ကြာလာတော့လဲ ဒီဒဏ် မခံနိုင်တော့ပဲ iPad နဲ့  ရုပ်ရှင် မကြည့်ဖြစ်တော့ပါဘူး....

ကျွန်တော့်လို အဖြစ်မျိုးကြုံဖူးတဲ့ မိတ်ဆွေများလဲ ရှိကောင်းရှိနေမှာပါ... အဲဒီ မိတ်ဆွေများအတွက်...

အခုတော့ "AirAV" ဆိုတဲ့ App လေးကြောင့် အားလုံးအဆင်ပြေ ချောမွေ့ သွားပါတယ်။ AirAV က format တော်တော်များများကို support လုပ်ပေးပါတယ်။ App မှာ Build-In player ပါတဲ့ အပြင် sub title စာတန်းများ၊ Audio channel တွေလည်း အလုပ်လုပ်တဲ့ အတွက် အလွန်ကောင်းမွန်ပါတယ်။

Movie အနေနဲ့  (WMV, AVI, MKV, RMVB, RM, XVID, MP4, 3GP, MPG..) format များကို support လုပ်ပြီး
Audio အနေနဲ့  (MP3, WMA, RM, ACC, OGG, APE, FLAC,FLV... ) format များအလုပ်လုပ်ပါတယ်၊ 
Sub tittle အတွက် (smi, srt, ass, ssa, sub txt) တို့ ကို အသုံးပြုပါ။

"AirAV" ထဲသို့  Media file များကို နည်းလမ်း နှစ်မျိုး (Wi-Fi, USB) နဲ့ လည်း ထည့်သွင်းနိုင်ပါတယ်။ 

WiFi အသုံးပြု၍ Media file များထည့်သွင်းနည်း

မိမိ PC နှင့် iDevice သည် Internet Connection တစ်ခုထဲတွင် ချိပ်ဆက်ထားရပါမည်။

၁) "AirAV" Home ရှိ Settings -> WiFi Transfer ကိုရွေးပါ။




၂) WiFi Transfer အောက်တွင် ဖော်ပြထားသော ( http://192.168.*.**:****/ ) တို့ ကို PC ၏ Internet Browser ရှိ URL နေရာတွင် ရိုက်သွင်းပါ။


၃) အောက်ဖော်ပြပါ ပုံအတိုင်း ပေါ်လာပါက "Browse" တွင် File လမ်းကြောင်းရှာပြီး "Submit" နှိပ်လိုက်ပါက Media file သည် WiFi သုံးပြီး Device ထဲသို့  ရောက်ရှိသွားပါမည်။ File size အလိုက် အချိန်ကြာမြင့်ပါမည်။




USB အသုံးပြု၍ Media file များထည့်သွင်းနည်း

၁) Device ကို USB သုံး၍ PC နှင့်ချိပ်ဆက်ပါ။

၂) iTunes ကိုဖွင့်ပြီး၊ ပုံပါအတိုင်း မိမိ Device ကို select ပေးပါ။ ညာဘက်ခြမ်းရှိ "App" section ကိုရွေးပြီး အောက်ဆုံးရှိ "File Sahring" ကိုရှာပါ။


၃) "AirAV" ကိုရွေးပြီး "AirAV Documents" အောက်ရှိ "Add" ကိုနှိပ်ပြီး Media file ကို ထည့်သွင်းနိုင်ပါသည်။ ထို့ နောက် Auto Sync သွားပါလိမ့်မည်။




USB နည်းလမ်းသည် WiFi ထက် Media file များ ထည့်သွင်းရာတွင် ပိုမိုလွယ်ကူမြန်ဆန်စေပါသည်။
ရရှိလာသော Media file များကို "AirAV" Home ရှိ Media Explorer -> Documents ထဲတွင် တွေ့ နိုင်ပါသည်။




Media File များအား ဖျက်နည်း

၁) မိမိဖျက်လိုသော Media file ဘေးရှိ information icon ကိုနှိပ်ပါက အောက်ပါပုံ အတိုင်းပေါ်လာပြီး Delete ကိုရွေးပါ။



"AirAV" App လေးကို S$6.98 နဲ့  AppStore မှာ ဝယ်ယူနိုင်ပါတယ်၊ Free လိုချင်ရင်တော့ ဘယ်နေရာမှာ ရလဲဆိုတာ အားလုံးသိကြပါတယ်။ ကျွန်တော်ကတော့ ကံကောင်းစွာနဲ့  "App of the Day" ပေးတဲ့နေ့ က "Free" ရရှိလိုက်ပါတယ်။

တတ်နိုင်သမျှ ဝယ်ယူသုံးစွဲကြပါစို့ .....

အခမဲ့ဆိုတဲ့ အရာတိုင်းမှာ ခန့် မှန်းလို့  မရနိုင်တဲ့ တန်ဖိုးတစ်ခုတော့ အမြဲရှိနေပါတယ်....

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့