Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Tuesday 17 July 2012

iOS4.2.1 တွင် မြန်မာလက်ကွက် ထည့်သွင်းနည်း

iOS4.2.1 တွင် မြန်မာလက်ကွက် ထည့်သွင်းနည်း

iOS 4.2.1 အတွက် ဇော်ဂျီဖောင့် ကို update လုပ်ပြီးပြီဖြစ်လို့  ဖောင့် နှင့် ကီးဘုတ် ထည့်သွင်းခြင်းမှာ အရင်ပုံစံလို မရှုပ်ထွေးတော့ပါဘူး အခြား မည်သည့် Application အကူညီမှလဲ မလိုတော့ပါဘူး၊ ဇော်ဂျီဖောင့်ကို အမြဲ Update လုပ်ပေးနေသူက "ကိုစေတန်"ပါ...


SUNDAY, NOVEMBER 28, 2010


iOS 4.1 အတွက် မြန်မာ လက်ကွက် ထည့်သွင်းနည်း

အချိန်အတော်ကြာကြာ စောင့်စားခဲ့ရတဲ့ မြန်မာ စာရိုက်စနစ် Keyboard ကို iOS 4.1 အတွက်ထွက်ရှိလာပါပြီ ကိုစေတန် ရဲ့  အားထုတ်မှုနဲ့  မရှေးမနှောင်းလေးမှာ ကိုဝေလင်းဖြိုး ကနေပြီးတော့ iPhone(iOS4.1) တွေအတွက် မြန်မာလက်ကွက်စနစ် (zawgyi Keyboard) ကို ရေးသားပေးခဲ့ပါပြီ... ကိုစေတန် နှင့် ကိုဝေလင်းဖြိုးကို အထူးလေးစား ကျေးဇူးတင်လိုက်ကြရအောင်ပါခင်ဗျာ...
iOS 4.2 အတွက် ကတော့ ကိုဝေလင်းဖြိုး ရေးနေဆဲလို့  သိရပါတယ်.... 

လောလောဆယ် မှာတော့ ကိုစေတန် နှင့် ကိုဝေလင်းဖြိုး တို့ ရဲ့  Zawgyi keyboard စနစ် နှစ်ခုရှိနေပါတယ် အဲဒီအထဲကမှ ကိုဝေလင်းဖြိုးရဲ့  စနစ်ကို တင်ပြပေးပါရစေ...

ဘာကြောင့်လဲလို့  ဆိုရင်တော့ ကိုစေတန် က zawgyi keyboard စနစ် project ကို သူ့ ရဲ့  Zawgyi Keyboard iOS 4.1(alpa) ရေးလို့ အပြီးမှာ ဆက်လက်မရေးတော့ဘူးလို့ အတိလင်းပြောကြားသွားခဲ့တဲ့ အတွက် နောက်ပိုင်း တွေမှာ အဆင်ပြေစေချင်တဲ့ သဘောသက်သက်ပါ မြန်မာစာနှင့် လက်ကွက်ကို iPhone မှာ စတင် ကြိုးစားပေးခဲ့တဲ့ ကိုစေတန်ကို အစဉ်လေးစားလျှက်ပါ...


Zawgyi Keyboard For iOS 4.1 ထည့်သွင်းနည်း

၁) သင့် iPhone(iOS 4.1) သည် Jailbroken ဖြစ်ရပါမယ်
၂) သင်မှာ ယခင်က zawgyi Font သွင်းပြီးသား ဖြစ်ပါက 
    Cydia --> Manage --> Sources --> cydia.macforus.com --> Zawgyi Keyboard iOS (only for iOS 4.1) အောက်ဆုံးမှာ အသစ် အနေနဲ့ တွေ့ ရပါမယ်
    Install လုပ်ပေးလိုက်ပါ Install လုပ်ပြီးပါက အောက်ပါပုံ အတိုင်းတွေ့ ရပါမယ်



*** Font အခုမှ စသွင်းမည့်သူများ အတွက် ***
၁) Cydia --> Manage --> Sources --> Edit --> ပေါ်လာသော နေရာတွင် http://cydia.macforus.com ဟု ရိုက်ပေးလိုက်ပါ
၂) Zawgyi Font iOS ( only for iOS >= 3.2) နှင့် Zawgyi Keyboard iOS (only for iOS 4.1) နှစ်မျိုးစလုံးကို တစ်ခုချင်း Install လုပ်ပေးလိုက်ပါ

*********************************
အောက်ပါ အဆင့်များကို ဆက်ရန် သင့် အတွက် iFunBox Software တစ်ခု လိုအပ်ပါတယ် အောက်မှာ Download အရင်ရယူပါ...

zawgyi keyboard ကိုလည်း  PC မှာ Download လုပ်ပြီး၊ ရလာသော Zip file ကို ဖြည်ထားပါ (myankey) Folder တစ်ခုနှင့် KeyboardTitles.strings (File) တစ်ခု ရပါလိမ့်မည်။

Zawgyi Kerboard Download HERE!!!

Download "iFun Box" HERE!!!

၁) iFunBox.exe ကို Run လိုက်ပါ
၂) iPhone ကို PC နှင့် ချိပ်ဆက်ပါ၊ iTune တက်လာပါက ပိတ်ပစ်ပါ 
၃) iPhone icon ကို Select နှိပ်လိုက်ပါ အောက်ပါအတိုင်းတွေ့ ရမည်


၎) myankey folder ထဲမှ file များကို System/Library/Frameworks/UIKIT.Framework/ ထဲသို့  Copy ကူးရန် အောက်ပါ ပုံများအတိုင်း တစ်ဆင့်ချင်းလိုက်သွားပါ...










၅) KeyboardTitles.strings ကို Applications/Preferences.app/English.lproj/ ထဲသို့  Copy ကူးရန်
   အောက်ပါ ပုံများအတိုင်း တစ်ဆင့်ချင်းလိုက်သွားပါ...







******************************

zawgyi keyboard (iOS4.1) Install လုပ်ငန်းစဉ် ပြီးဆုံးပါပြီ..

သင့် iPhone ကို Reboot ပြန်လုပ်ပေးလိုက်ပါ..

****************************************

ယခု zawyi keyboard ကို iPhone မှာ Setting ချရန် ဆက်လက်လုပ်ဆောင်ပါ...

၁) iPhone မှ Setting --> General --> Keyboard --> International Keyboards -->
    Add New Keyboard --> Thai  ကိုရွေးပေးလိုက်ပါ။
    "Myanmar-Zawgyi" နှင့် "Myanmar-Alphabetical-Order" ဆိုပြီးတက်လာရင် "Myanmar-Zawgyi"   ကိုသာရွေးပေးလိုက်ပါ....

    ကဲ.. ရိုက်ချင်သလောက်သာ ရိုက်ကြပေတော့ဗျို့  .....

 iPhone မှာ မြန်မာဖောင့် ထည့်သွင်းနည်း
iPhone မှာ မြန်မာဖောင့် ထည့်သွင်းနည်း ကို ကျွန်တော်ဖတ်ရှုထားတာကို ပြန်ပြီး ဝေမျှပေးလိုက်ပါတယ် ကျွန်တော်ကိုယ်တိုင် မစမ်းသပ်ရသေးတဲ့ အတွက် မည်သည့် အရာမျှဝင်ရောက်ဖြည့်စွက်ထားခြင်း မရှိပဲ မူရင်းအတိုင်း တင်ပြပေးလိုက်ပါတယ်. . .

အောက်ပါ ဆောင်ရွက်ချက်များသည် သင့် iPhone/ iPod Touch တို့အား အဆင်မပြေပါက itune ကနေ restore ပြန်လုပ်ကောင်းလုပ်ရပါလိမ့်မည်။ ထို့ကြောင့် backup လုပ်ထားရန်လိုအပ်ပါသည်။ System ပိုင်းဆိုင်ရာများကို ပြင်ထားတာကြောင့် ဖြစ်ပေါ်လာသော တစ်စုံတစ်ခု ပြဿနာများကို လုံးဝ တာဝန်ယူမည်မဟုတ်ပါ။

လိုအပ်ချက်

OS : 3.0 >= Type : Jailbreak Installer : Cydia Internet : Require Add Repo in Cydia

Cydia ကို သွားပါ။ Manage အောက်က Source ကို သွားပါ။ Edit ကနေ Add လုပ်လိုက်ပါ။ address တွင်

http://cydia.macforus.com
ကိုထည့်လိုက်ပါ။ ပြီးလျှင် Package များကို သူ reload လုပ်ပါမည်။ အကုန်ပြီးသွားလျှင် Sections အောက်တွင် Zawgyi ဆိုတာ ပေါ်လာမည်။ အထဲတွင်

Zawgyi Font နှင့်

Zawgyi Keyboard

ဆိုပြီး ၂ ခုရှိပါသည်။ Package Installation

Zawgyi Font

Zawgyi Font သည် System Font များကို hack ပြီးတော့ မြန်မာစာ စာလုံးများ ထည့်သွင်းထားခြင်းဖြစ်သည်။ ထို့ကြောင့် သွင်းပြီးပါက remove ပြန်လုပ်နိုင်မည် မဟုတ်ပါ။ remove ပြန်လုပ်ပါက itune မှ restore ပြန်လုပ်လိုက်ရပါမည်။ Zawgyi Font package သည် application များ အားလုံးနီးပါးတွင် မြန်မာစာ ပေါ်စေရန် font များကို ပြုပြင်ထားခြင်းသာဖြစ်သည်။

Zawgyi Keyboard

Zawgyi Keyboard ကိုသွင်းရာတွင် iKeyEx , Zawgyi Font နှင့် အခြား Dependencies များကို အလိုအလျောက်သွင်းသွားမည်ဖြစ်သည်။

အောက်ပါ ပြဿနာများ ကြုံတွေ့ရတတ်သည်။

၁။ English စာတွင် autocorrect မဖြစ်တော့ခြင်း။

၂။ keyboard အတက်နှေးခြင်း။

၃။ အချို့ OS 3.0 < များဖြစ်ခဲ့လျှင် ပြဿနာတက်ခြင်း။


သင့်အနေနဲ့ အထက်ပါ အချက်များကို လက်ခံနိုင်သည် ဆိုမှ သွင်းပါရန်။

သွင်းပြီးပြီဆိုပါက သင့် iPhone/iPod Touch ကို restart ချလိုက်ပါ။ keyboard ထည့်သွင်းနည်းကို အောက်ရှိ Flash တွင် ကြည့်ရှုနိုင်ပါသည်။

ဗွီဒီယိုဒီမှာကြည့်ရန်

၁။ Settings > iKeyEx > Mix and Match >Make ကိုသွားပါ။

၂။ Layout ကို Zawgyi ရွေးလိုက်ပါ။ name ကို Zawgyi လို့ပေးလိုက်ပါ။

၃။ Mix and Match > iKeyEx >Keyboards ကို ပြန်သွားပါ။

၎။ Zawgyi ဆိုတာလေး ဘေးနားရှိ + လေးကို နှိပ်လိုက်ပါ။

ဒါဆိုရင် ရပါပြီ။ keyboard ပြောင်းချင်လျှင် ကမ္ဘာလုံးပုံလေးကို နှိပ်ကာ ပြောင်းလဲနိုင်ပါသည်။

သင့် iPhone/iPod Touch recovery ပြန်လုပ်ရခြင်း data lost များဖြစ်ခြင်း ၊ အခြား တစ်စုံတစ်ရာ ကိစ္စများဖြစ်ခြင်း တို့ကို လုံးဝ တာဝန်မယူပါ။ How to upgrade

အသစ်ထွက်ခဲ့သောကြောင့် upgrade လုပ်လိုလျှင် Cydia > Changes > Refresh ကိုနှိပ်ပြီး Upgrade ပေါ်လာပါက upgrade လုပ်ပါ။ ပြီးလျှင်

Settings > iKeyEx > Keyboards > Zawgyi ကို – icon လေးကို နှိပ်လိုက်ပါ။

iKeyEx > Setings ကို ပြန်သွားလိုက်ပါ။ Mix and Match > Zawgyi > Delete ကို နှိပ်လိုက်ပါ။

ပြီးလျှင် Mix and Match ကနေ Zawgyi keyboard ကို အပေါ်တွင် ပြခဲ့သည် video အတိုင်း ပြန်လည် ထည့်သွင်းနိုင်သည်။

Tip: Settings > General > Keyboard > Auto-Capitalization ကို off ထားလျှင် မြန်မာစာ ရိုက်ရတာ ပိုအဆင်ပြေသည်။
ပါဝင်ဆောင်ရွက်ကူညီပေးသူ

ဦးသောင်းစုငြိမ်း

ပြည့်ဖြိုးအောင် (Zack)


ကျွန်တော် အကြံပြုလိုတာကတော့ မလိုအပ်ဘူး ဆိုရင်တော့ မသွင်းတာ Safe ဖြစ်ပါတယ်လို့ .....

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့