Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Tuesday 3 July 2012

ခံစားမှုတန်ဖိုး


``ခံစားမှုတန်ဖိုး``
တန်ဖိုးအကြောင်းနှင့်ပတ်တက်၍ ပြောဆိုကြမည်ဆိုလျှင် လဲလှယ်မှုတန်ဖိုးဖြစ်သောငွေအကြောင်းက စတင်ရပါလိမ့်
မည်။ငွေ၏တန်ဖိုးကို ပညာရှင်တို့အဓိပ္ပါယ်ဖွင့်ဆိုထားသည်မှာ လဲလှယ်မှုတန်ဖိုး ( Exchange Value ) ဖြစ်ပြီး တကယ်
လည်းအနှစ်သာရပြည့်စုံသော အဓိပ္ပါယ်ဖွင့်ဆိုချက်ဖြစ်သည်။ လိုချင်သည့်ပစ္စည်းတိုင်းကို ထိုအရာဖြင့် လဲလှယ်၍ရသော
ကြောင့် ငွေ၏တန်ဖိုးကို လဲလှယ်မှုတန်ဖိုးဟု အဓိပ္ပါယ်ဖွင့်ဆိုခဲ့ကြသည်။ အိမ်တစ်လုံး၊ ကားတစ်စီး၊ မြေတစ်ကွက်စသည်
အားဖြင့် သူ့တန်ဖိုးနှင့်ညီမျှသော ငွေကြေးပမာနရှိလျှင် ရယူပိုင်ဆိုင်နိုင်သည်။ ထို့ကြောင့်သာ တန်ဖိုးရှိသော ထိုငွေကို
ကမ္ဘာတစ်ဝှမ်း ကြိုးစားရှာဖွေနေကြခြင်းဖြစ်သည်။ သို့သော်လည်း ထိုတန်ဖိုးရှိသောငွေကြေးတစ်ခုထဲဖြင့် အရာရာကို
လှပပြည့်စုံအောင်ဖန်တီးနိုင်မည် မဟုတ်ပါ။ လဲလှယ်မှုမဟုတ်သည့်် တခြားအကြောင်းများလည်းရှိသေးကြောင်းနှလုံး
သွင်းရန်လိုအပ်ပါသေးသည်။
နောက်ထပ်ဖွင့်ဆိုထားသော တန်ဖိုးမှာ သုံးစွဲမှုတန်ဖိုး( Use Value ) ဖြစ်ပြီး သက်ရှိ၊သက်မဲ့ အရာဝတ္ထုမှန်သမျှ၏အသုံး
ဝင်မှုကြောင့် ရရှိလာသော အကျိုးကျေးဇူးကို ဆိုလိုပါသည်။ ရေဆိုလျှင်သောက်၍ရသည်။ ကားဆိုလျှင် လိုရာခရီးကို
လျှင်မြန်စွာ စီးသွားနိုင်သည်။ ထမင်းဆိုလျှင် အဟာရဖြစ်ဖို့အတွက် စားနိုင်သည်။ ထိုကဲ့သို့ အသုံးဝင်မှုကွာခြားသည်
နှင့်အမျှ တန်ဖိုးသည်လည်း ပြောင်းလဲသွားရသည်။ အသုံးဝင်မှုကြောင့်တန်ဖိုးရှိလာသော အရာများသည် လောကတွင်
တကယ်လိုအပ်သော်လည်း ပြည့်စုံသည်ဟု မဆိုနိုင်သေးပေ။ လှပပြည့်စုံဖို့အတွက်နောက်ဆုံးတန်ဖိုးတစ်ခုကျန်ပါသေး
သည်။ ထိုတန်ဖိုးသည် ကိုင်တွယ်၊ စမ်းသပ်၊ ထိတွေ့ကြည့်နိုင်ကောင်းသောအရာ မဟုတ်ပါ။ သို့သော် ခံစားကြည့်၍
တော့ရနိုင်ပါသည်။ ထိုတန်ဖိုးကို အဓိပ္ပါယ်ဖွင့်ဆိုကြသည်မှာ ခံစားမှုတန်ဖိုး ( Sentimental Value ) ဖြစ်ပြီး ချစ်ခြင်း
မေတ္တာ၊ အလှအပ၊ အနုပညာ စသည်အားဖြင့် ခံစားသက်ဝင်မိ၍ ရရှိလာသောတန်ဖိုးကိုဆိုလိုသည်။ ထိုတန်ဖိုးသည်
လောကတွင် အဖိုးမဖြတ်နိုင်သော တန်ဖိုးဖြစ်သည်။ လဲလှယ်၍လည်းမရ၊ သုံးစွဲ၍လည်းမရ၊ ကိုယ်တိုင်ခံစားကြည့်
မှသာ ရနိုင်သောအရာဖြစ်သည်။ ထိုခံစားမှုမျိုးကို လူတိုင်းလည်း ခံစားဖူးကြပါမည်။ သို့သော် ရုပ်ပိုင်းဆိုင်ရာတိုးတက်
နေသော ယနေ့ခေတ်ကြီးတွင် ခံစားမှုတန်ဖိုး သိသိသာသာလျှေ့နည်းနေသည်ကို မြှင့်တင်ကြရန် အထူးလိုအပ်ပါ
သည်။ ထိုခံစားမှုတန်ဖိုးသည် လူသားတို့၌သာတည်ရှိပြီး တခြားသတ္တ၀ါတို့တွင်မရှိနိုင်ပါ။ စာနာစိတ်ထားမှု၊ သနား
ကြင်နာမှု၊ လွမ်းဆွတ်တမ်းတသတိရမှု စသည်အားဖြင့် နှလုံးသားကို အခြေခံသောခံစားမှုမျိုးရှိမှသာ လောကကို
အလှဆင်နိုင်မည်ဖြစ်သည်။
ချစ်ခြင်းမေတ္တာကို ငွေဖြင့်လဲလှယ်၍မရသလို သုံးစွဲ၍လည်းမရပါ။ ခံစားကြည့်မည်ဆိုလျှင်တော့ ခံစားကြည့်နိုင်ပါ
သည်။ ကမ်းခြေတွင် နေ၀င်ချိန်နှင့်နေထွက်ချိန်ကို စောင့်မျှော်ကြည့်ရှုခြင်း၊ ချစ်သူပျော်မြူးနေသည်ကိုကြည့်၍
ပီတိဖြစ်ရခြင်း၊ လေညှင်းခံခြင်း၊ ရွာမှ ခရေပင်ကြီးကို လွမ်းဆွတ်တမ်တခြင်း စသည်တို့သည် ခံစားမှုကိုမြှင့်တင်
သော တန်ဖိုးများဖြစ်သည်။ ထိုကဲ့သို့ပင် နိုင်ငံ့အကျိုး၊ အများအကျိုး၊ ရပ်ရွာအကျိုး သည်ပိုးထမ်းရွက်ခဲ့ကြသူများ
ကိုလည်း အကြောင်းအမျိုးမျိုးကြောင့် မေ့နေကြလျှင် သတိရစေရန် ပြုလုပ်ဆောင်ရွက်ပေးသင့်ပါသည်။ သို့မှ
သာ ခံစားမှုတန်ဖိုး မြင့်တက်လာပြီး စိတ်သဘောထားနူးညံပျော့ပြောင်းကာ ကျေးဇူးတရားသိတတ်လာမည်ဖြစ်
သည်။
အထပ်ပါ တန်ဖိုးသုံးမျိုးဖြင့် လောကကိုအလှဆင်မှသာ သာယာလှပသောဘ၀လေးကို ပြည့်စုံစွာပိုင်ဆိုင်နိုင်မည်
အားလုံးကိုခင်မင်လေးစားလျှက်

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့