သြော် ...ဖြစ်ရလေ…
စိတ်ကျန်းမာရေးဆေးရုံတစ်ရုံတွင်-
ဆရာဝန်ကြီးက သူကုသပေးသောလူနာများအားတိုးတတ်မှုရှိ / မရှိစစ်ဆေးချင်၏
ထမင်းစားချိန်တွင် လူနာများအားစားပွဲရှည်ကြီးတွင် တန်းစီထိုင်စေပြီး ဘာမျှမရှိသောပန်းကန်
လုံးများအားချထားစေ၏
တာဝန်ကျဆရာမများကလည်း ဘာမျှမရှိသောဟင်းချိုချောင်ထဲမှ ယောက်ချိုဖြင့်ပါ
သယောင်ခတ်ထည့်ပြီး ထည့်ဟန်ဆောင်ကြ၏ ပြီးနောက်-
ဆရာဝန်ကြီးက- လူနာများအား ရှေ့တွင်ရှိသော ကြာဇံဟင်းခါး အားစားနိုင်
ပြီဖြစ်ကြောင်းပြောကြား၏
ထို့နောက်လူနာများကဘာမျှမရှိသော ပန်းကန်အား ဇွန်းဖြင့် တရှူးရှူးခတ်သောက်
ကြလေ၏ လူနာတစ်ဦးကတော့မသောက်ဘဲ ထိုင်ကာနေလေ၏-
ဆရာဝန်ကြီးက- ဟေ့မင်းဘာလို့မသောက်တာလဲဟု ထိုသူအား မျှော်လင့်
ချက်ကြီးစွာမေးလေ၏ ထိုအခါ
လူနာပြောလိုက်ပုံက- ဒီလောက် အငွေ့တထောင်းထောင်းထနေတာ ဘယ်လို
လုပ်ချက်ချင်းသောက်လို့ရမလဲ မှုတ်နေတာ တဲ့
စိတ်ကျန်းမာရေးဆေးရုံတွင်-
ဆရာဝန်က- ကဲ မင်းကိုတော့ကုသပေးခဲ့တာအောင်မြင်လို့ရောဂါပျောက်သွား
ပြီဟု ပြော၏
လူနာက- အဲတာ ခတ်တာပဲ ကျွန်တော်က မနေ့က နပိုလီယံ ဒီနေ့တော့
ဘာကောင်မှန်း မသိတော့ဘူး တဲ့
No comments:
Post a Comment