Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Monday 23 July 2012

လွဲမှားစွာ ရင်ခုန်မိခြင်း

သူငယ်ချင်းတို့ရေ၊ ကောင်းသောနေ့လေးပါနော်၊ ဒီနေ့တော့ အလွဲတွေထဲက တစ်ခုကို ပြောပြမယ်၊ အလွဲတွေထဲက စဉ်းစား လိုက်တော့ နှလုံးသား ရေးရာနဲ့ ပါတ်သက်ပြီး ရင်ခုန်ခြင်း လွဲခဲ့တဲ့ အကြောင်းလေးပါ၊ တစ်ကယ့် ဖြစ်ရပ်မဟုတ် လုပ်ဇာတ်ပါ၊ အဟိ...
          မြန်မာနိုင်ငံရဲ့ မြို့ကြီး တစ်မြို့မှာပေါ့....
တက္ကသိုလ်ဝင်တန်း ကျောင်းသူ ကောင်မလေး တစ်ယောက်၊ ကျောင်းဆင်းတဲ့နေ့ တစ်နေ့မှာ
အိမ်ပြန်မယ် ဆိုပြီး ဘတ်စ်ကားပေါ် တက်လိုက်တာနဲ့ မိုးတွေက သည်းကြီး မဲကြီး ရွာပါရောတဲ့၊
ကာက သူ့အိမ်ကို ရောက်ဖို့ ကားက (၄၅)မိနစ်လောက် စီးရမှာတဲ့၊
ကားစီးနေရင်းနဲ့ မိုးရွာတာ ရပ်မလား၊ လျှော့မလား သူကြည့်နေတယ်၊
မိုးက မတိတ်ဖူး၊ လျှော့လည်း မလျှော့ဘူး၊ ပိုလို့တောင် သည်းလာပါသေးတယ်၊
ဒီတော့ သူဟာ အရမ်းပဲ စိတ်ပူ လာပါတယ်၊ ဘာကြောင့်လဲ ဆိုတော့ သူ့မှာ ထီးမပါဘူးတဲ့လေ။
          ဒီလိုနဲ့ သူဆင်းရမယ့် မှတ်တိုင်ကို ရောက်လာတယ် မိုးကတော့ သည်းမြဲ သည်းနေတာပေါ့၊
ဒီတော့ လွယ်အိပ်လေးကို ယာဖက် လက်နဲ့ ရင်မှာပွေ့ ခေါင်းလေးကို ၀ဲဖက်လက်နဲ့ အုပ်ပြီး
ခေါင်းလေးငုံ့ကာ ပြေးရတော့တာပေါ့၊
အဲ့ဒီအချိန်မှာ သူ ရုတ်တရက် သတိထား မိလိုက်တာက....
သူ့လိုပဲ ကျောင်းဝတ်စုံနဲ့ အရပ် မြင့်မြင့် ကောင်လေး တစ်ယောက်
သူ့ဘေးနားကို ရောက်လာပြီး ထီးမိုးပေး လိုက်တာ ကိုပါ၊
အဲ့ဒီ ကောင်မလေးဟာ ချစ်သူ ရည်းစား မထားဖူး သေးဘူးတဲ့ဗျ၊
အင်း... ရင်ခုန်ဖူး မဖူးတော့ သိဝူးနော်၊ ဒါပေမယ့် အဲ့ဒီ အချိန်မှာ သူဟာ တကယ့်ကို ရင်ခုန်သွား သတဲ့၊
ကောင်မလေးဟာ ရင်တွေ ခုန်လွန်းလို့ ရှက်သွေးတွေ ဖြာပြီး ခေါင်းကို မဖေါ်ရဲဘူး၊
အင်းးးးးးး ဒါပေမယ့် ပြေးနေတဲ့ ခြေလှမ်းတွေ ကိုတော့ ရပ်လိုက်ပြီး ပုံမှန်ပဲ လျှောက်လှမ်းခဲ့ သတဲ့၊
ဒီတော့ ထီးမိုးပေးနေတဲ့ ကောင်လေးကလည်း ကောင်မလေးရဲ့ ခြေလှမ်းအတိုင်း အလိုက်သင့်လေး လျှောက်ပေးနေတယ်၊
ဒီလိုနဲ့ ကောင်မလေးဟာ သူ့အိမ်ကို ရောက်ခါနီးမှာ တစ်ခု စဉ်းစားမိသတဲ့၊
အင်း.... ငါသူ့ကို ကျေးဇူးတင် စကားတော့  ပြောလိုက်သင့်တယ်... လို့ တွေ့မိပြီး
အနူးညံ့ဆုံး၊ ဆွဲဆောင်မှု အရှိဆုံး (ပဲ့တင်သံပေါ့ဗျာ... အဟိ) အသံလေးနဲ့
""ဒီနေ့ အရမ်းကို ကျေးဇူး တင်ပါတယ်နော်"" လို့ ပြောလိုက်တယ်၊
အင်း.... အဲ့ဒီအချိန်မှာ ကောင်မလေး ထင်မထားတဲ့ စကား တစ်ခွန်း ထွက်ပေါ်လာတယ် ဆိုပဲဗျ၊
အဲ့ဒါကတော့.....
""မမ နင့်အသံကလည်း ဘယ်လို ဖြစ်နေတာလဲဟ""
ဆိုတာပဲ ဖြစ်ပါတယ် တဲ့ဗျာ... ဟီးးး။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့