Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Friday 13 July 2012

မိန်းမမြတ် ဂုဏ်အဂါင်္(၉)ဖြာ

သာမုန္ဒြိယကျမ်းလာအရ မိန်းမမြတ်ဂုဏ်အဂါင်္ကိုးဖြာရှိပါတယ်။
၁။အိမ်တွင်းမှုတွေမှာ သေသပ်သန့်ရှင်းစွာ ပြုလုပ်စီမံတတ်တာက အဂါင်္တစ်ချက်။
၂။ကိုယ့်ရဲလင်ကလွဲလို့ ဖွဲနဲ့ဆန်ကွဲလို့ တွေးပြီးအခြားယောက်ျားတွေကို စိတ်မကူးတာ။
၃။လင်ရှာပေးတဲ့ပစ္စည်းဥစ္စာကို သိမ်းဆည်းတာ။
၎။လင်ရဲ့စီမံတိုင်ပင်မှုတွေကို ခံယူတာ။
၅။လင့်အလိုက်ကိုသိပြီး ပြုတတ်တာ။
၆။ရာသီနဲ့အလိုက် လင်ကိုဝတ်ဆင်ပေးတာ။
၇။လင့်နောက်မှ အိပ်တာ။
၈။လင့်အရင်ထတာ။
၉။ပြုံးသောမျက်နှာနဲ့ချိုသာတဲ့စကား ရှိတာပါ။
မိန်းမမြတ်ရဲ့ ဘ၀ကို မရဘဲမိန်းမသားဘ၀ကိုရောက်ရတဲ့ အချက်ဆယ့်သုံးချက်လည်းရှိပါတယ်။ တစ်ခါတစ်ရံမှာပတ်ဝန်ကျင်ကြောင့်နဲ့ ကိုယ့်လင်ကြောင့်မိန်းမကောင်းဘ၀ကမိန်းမပျက်ဘ၀ကို ရောက်တတ်ကြပါတယ်။  အဲသည့် ဆယ့်သုံးချက်က -
၁။ယောက်ျားတစ်ယောက်နဲ့ပျော်ပါးပေါင်းဖော်နေရတယ်လို့ အိပ်မက်အတန်တန်မက်တာ။
၂။ခင်ပွန်းလင်နဲ့ကြာမြင့်စွာ ဝေးကွာကွေကွင်းနေတာ။
၃။လင်က အိုနေတာ။
၎။မိန်းမတန်မဲ့အရက်သောက်တာ။
၅။လင်ကမယားငယ်နေတာ။
၆။လင်ကြီးက အိုရွတ်တွနေတာ။
၇။ပျက်နေတဲ့မိန်းမတွေနဲ့ ရောနှောနေတာ။
၈။ကောင်းတဲ့အသက်မွေးဝမ်းကျောင်း မကြာခဏပျက်စီးတာ။
၉။အိုးအိမ်ကို အတည်တကျမနေတာ။
၁၀။ပွဲကြိုက်တာ၊အပျော်ကြိုက်တာ၊
၁၁။ကိုယ့်ကိုယ်ကို ထိန်းနေတာ။
၁၂။ဖခင်ရဲအုပ်ထိန်းမှုနဲ့ ကြာမြင့်စွာ နေရတာ။
၁၃။ယောက်ျားတွေကြားထဲ ရောက်နေတာပါဘဲ။
မိန်းမကောင်းလေးတွေဟာ မပျက်သင့်ဘဲ ပျက်ကြရတာ အဲသည့် အချက်တွေကို ဂရုမမူမိကြလို့ပါဘဲ။မိန်းမဘ၀မှာ ထိန်းနိုင်မှသာ တော်ရာကျပါတယ်။ စကားပုံတောင် သမီးတစ်ကောင် နွားတစ်ထောင် လို့ဆိုခဲ့တယ် မဟုတ်လား။
မိန်းမတို့က္ကုနြေ္ဒရွှေပေးလို့မရ (ဘုန်းမြင့်သွေး) စာအုပ်ထဲက စာမျက်နှာ (၉၆) ကပါဖတ်စေချင်လို့ တင်ပေးတာပါ အမှားပါရင် နားလည်ပေးပါလို့ ..... 

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့