Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Monday 23 July 2012

မိန်းမတို့၏ တန်ဖိုးအရှိဆုံးသောအချိန် ( အရွယ်)

မိန်းမတစ်ယောက်အတွက် ဘယ်အချိန် ၊ဘယ်အရွယ်ဟာ တန်ဖိုးအရှိဆုံးလဲ ၊
 မိန်းမတို့ သဘာဝကိုသိရန် လူတိုင်းသည် ဒီမေးခွန်းကို သိထားသင့်ပေသည်၊ ဒိမေးခွန်း အဖြေကို နားမလည်သူတိုင်းသည် မိန်းမအကြောင်းကို သိရှိနားလည်သူ မဖြစ်နိုင်။
   အကြောင်းကို ဆိုသော် ဒီမေးခွန်းမေးတတ်သူ ဒီမေးခွန်းအဖြေကို ဖြေနိုင်သူသည်သာ မိန်းမအကြောင်းကို နာလည်သူဖြစ်နိုင်၏ အဘယ်ကြောင့်ဆိုသော် ဒီမေးခွန်း၏အဖြေတွင် မိန်းမတို့၏ဘ၀ကို ဆစ်ပိုင်းနိုင်မှု စွမ်းရည်ရှိနေသောကြောင့် ဖြစ်လေသည်။
 ကောင်းပြီ မိန်းမတို့ ဘ၀ကို မည်သို့ဆစ်ပိုင်းနိုင်မည်နည်း ၊ လူ့ဘ၀ဆစ်ပိုင်းလျှင် ပထမအရွယ်၊ ဒုတိယအရွယ် ၊ တတိယအရွယ် စသည့်ဖြင့် ရှိ၏ ပညာရှာသည့်ရွယ် ဥစ်စာရှာသည့်အရွယ် တရားဘာဝနာပွားသည့်အရွယ်ဟု ဆိုနိုင်သည်။
 မိန်းမတို့ ဘ၀ကို ဆစ်ပိုင်းလျှင်လည်း အရွယ်အမျိုးသုံးစား ရှိသည်ဟု ဆိုရမည် ။
 ၁ ။ လှသွေးကြွယ်သည့် အရွယ်
 ၂ ။ အလှဆုတ်ခန်းစ အရွယ်
 ၃ ။ အလှပျက်သောအရွယ်
   စသည်တို့ ဖြစ်လေသည် သာကို ကြည့်ခြင်းဖြစ် မိန်းမတစ်ဦးအတွက် ဘယ်အချိန် ။ဘယ်အရွယ်သည် တန်ဖိုးအရှိဆုံးဖြစ်နိုင်မည်ကို ခန်းမှန်းပြိ ဖြစ်၏ မှန်ပေသည် ၊ မိန်းမတစ်ယောက်အတွက် တန်ဖိုးအကြီးဆုံးအရွယ်သည် အမှတ် (၁) အမျိုးအစား ဟု ဆိုရမည်။
 လှသွေးကြွယ်သောအရွယ်ကို အပျိုအရွယ်ဟု ခေါ်မည် ။
ထိုအခါ ကျန်သည့် အရွယ်တွင်ရှိသော မိန်းမများကတော့ တန်ဖိုးမရှိတော့ဘူးလားဟု မေးကောင်းမေးလိမ့်မည်။ ဒုတိယ၊တတိယ အရွယ်တို့တွင်ရှိသော မိန်းမများသည် တန်ဖိုးမရှိမဟုတ်၊ တန်ဖိုးရှိကြပါသည် . သို့သော် တန်ဖိုးချင်းမတူဟု သတိချပ်ထားရမည်။
***အဘယ်ကြောင့်နည်း***
အလှသွေးကြွယ်သည့်အရွယ် (အပျို) နှင့် အလှသွေးဆုတ်ခန်းစ (အိမ်ထောင်သည်) ၊ အလှပျက်သောအရွယ်(အဘွားအို) တို့၏ တန်ဖိုးကို အနီးစပ်ဆုံး ပန်းတစ်ပွင့်ကို ကြည့်ကာ ဥပမာ ပြရမည် ၊
  အလှသွေးကြွယ်သည့် အရွယ် (အပျို) သည် ပင်ထက်မှ လန်းဆန်းနေသော ပန်းတစ်ပွင့်နှင့်တူ၏ ။
  အလှဆုတ်ခန်းစအရွယ်(အိမ်ထောင်သည်) သည် စားပွဲပေါ်ရှိ ပန်းအိုးတွင်းမှ ပန်းတစ်ပွင့်နှင်တူ၏ ။
 အလှပျက်သော အရွယ် (အဘွားအို) သည် ညှိုးရော် နွမ်းစပြုဖြင့် ရေကူထားရသည့် ပန်းတစ်ပွင့်နှင့် တူ၏ ။ ( မှတ်ချက် ပန်းပုံ ရှာမတွေ့လို့ပါ ခွင့်လွှတ်ကြပါ)
ထိုပန်းသုံးပွင့်တွင် မည်သည့်ပန်းပွင့်သည် တန်ဖိုးအရှိဆုံးလဲ
 ဒါကို ကြည့်လျှင် သိနိုင်၏
အသင်သည် ပန်းတစ်ပွင့်ကို လိုသူဆိုပါစို့ ။
မည်သည့်ပန်းပွင့်ကို ကမ်းယူမည်နည်း။
 အဖြေက ရှင်းလှသည်။ လူတိုင်းသည် ပင်ထက်တွင် ပွင့်လန်းနေသော ပန်းပွင့်ကို တန်ဖိုးထားကြမည် ၊
    ထို့ကြောင့် မိန်းမသားတစ်ဦးအတွက် အပျိုဘ၀သည်သာ တန်ဖိုးအရှိဆုံးဘ၀ဟု ဆိုရလိမ့်မည် ။ ထို့အတူပင် မိန်းမများအဖို့လည်း အပျိုဘ၀ကို တန်ဖိုးထားကာ အပျိုဂုဏ်ကို ထိန်းသိမ်းရန် အထူးလိုအပ်လှပါသည်ဟု ဆိုချင်သည်.......
 အရမ်းကြိုက်လို့ တင်ပေးလိုက်တာပါ
 အပျိုစိတ်၊ အပျိုတို့၏ လျှို့ဝှက်ချက်

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့