Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Thursday 19 July 2012

ဒေါ်အောင်ဆန်းစုကြည်နဲ့ သူရ ဦးရွှေမန်း ဆွေးနွေး

မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည် နှင့် ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်း တို့ဖြစ်ပါသည်။ RFA
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်းနဲ့ ဒီကနေ့ လွှတ်တော် အစည်းအဝေး ခေတ္တရပ်နားချိန်မှာ သီးသန့် တွေ့ဆုံ ဆွေးနွေးခဲ့ကြကြောင်း NLD က ထုတ်ပြန်ပြောဆိုပါတယ်။ ဆွေးနွေးချက် အသေးစိတ်ကိုတော့ မသိရပါဘူး။

ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်းနဲ့ လွှတ်တော် ဥက္ကဋ္ဌ ရုံးခန်းမှာ တွေ့ဆုံဆွေးနွေးပြီးနောက် နေ့လည်ပိုင်းမှာ ဒေါ်အောင်ဆန်းစုကြည်ဟာ မနက်ဖြန် ကျင်းပမဲ့ ၆၅ နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားတွေကို တက်ရောက်ဖို့အတွက် ရန်ကုန်မြို့ကို ထွက်ခွာလာကြောင်း သိရပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ မနက်ဖြန် မနက် ၉ နာရီမှာ အာဇာနည်ဗိမာန်ကို သွားရောက်ပြီး လွမ်းသူ့ပန်းခွေချ ဂါရ၀ပြုမှာ ဖြစ်ပါတယ်။ အဲဒီနောက် NLD ရုံးချုပ်မှာ ကျင်းပမဲ့ အာဇာနည်နေ့ အခမ်းအနားကို တက်ရောက် မိန့်ခွန်းပြောကြားမယ်လို့ သိရပါတယ်။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့