Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Thursday 19 July 2012

ဆီးဂိမ်းအမီ Visa ကဒ်နှင့် Master ကဒ်များ အသုံးပြုနိုင်ရန် စီစဉ်ဆောင်ရွက်

ပြည်တွင်းရှိ ဘဏ်လုပ်ငန်း အသိုင်းအ၀ိုင်းမှ ပြောကြားချက် အရ နိုင်ငံတကာ ခရီးသွား ဧည့်သည်များက ၂၀၁၃ ဆီးဂိမ်းမှာ ပိုမိုဝင်ရောက် လာတော့မှာ ဖြစ်တဲ့
အတွက် ဆီးဂိမ်း အမီမှာ ငွေကြေး ဆိုင်ရာ သုံးစွဲနိုင်တဲ့ Visa ကဒ်နှင့် Master ကဒ်ကို နိုင်ငံတကာ ခရီးသွား ဧည့်သည်များ ပြည်တွင်းမှာ အသုံးပြု သွားနိုင်ဖို့ ပြည်တွင်းက ပုဂ္ဂလိက ဘဏ်များက စီစဉ် ဆောင်ရွက်မှုများ ပြုလုပ်လျက် ရှိတယ်လို့ သိရပါတယ်။ အဲ့ဒီလို ပြုလုပ်ဖို့ အတွက် ဘဏ်တွေအ ချင်းချင်း ညှိနှိုင်းမှုတွေ ပြုလုပ်နေ တယ်လို့ သိရပါတယ်။

အခုလက်ရှိ မှာတော့ Myanmar Payment Union စနစ်မှ အသုံးပြုမယ့် Debit Card ကို ဇူလိုင်လ ၁၆ ရက်နေ့မှ စတင်ကာ စမ်းသပ် ကာလ ၁ လ စမ်းသပ် ဆောင်ရွက် သွားမှာ ဖြစ်တယ်လို့ မြန်မာ နိုင်ငံတော် ဗဟိုဘဏ်မှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောကြားချက် အရ သိရပါတယ်။ အဲ့ဒီလို စမ်းသပ်ဖို့ အတွက် ကိုတော့ Shopping Center တွေမှာရှိတဲ့ ဆိုင်ကြီး အချိှု့မှာ စမ်းသပ် သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။
 

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့