Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Thursday 19 July 2012

ပြည်တွင်းရှိ ICT ကဏ္ဍတွင် နည်းပညာပိုင်း ဆိုင်ရာ လိုအပ်ချက်များ ရှိနေ

ပြည်တွင်းမှာ ICT ကဏ္ဍ တိုးတက် ဖွံ့ဖြိုးဖို့ အတွက် သက်ဆိုင်ရာ တာဝန်ရှိ သူတွေက ဆောင်ရွက် လျက်ရှိပေမယ့် ICT နည်းပညာနဲ့ ပတ်သက်တဲ့ လုပ်ငန်း
ဆောင်ရွက်မှု တွေမှာ လိုအပ်ချက် များစွာ ရှိနေသေး တယ်လို့ မြန်မာနိုင်ငံ ကွန်ပျူတာ အသင်းချုပ်မှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောကြားချက် အရ သိရပါတယ်။ အခုလို ICT ကဏ္ဍနဲ့ ပတ်သက်ပြီး ပြည်တွင်း မှာသာ လိုအပ်ချက် များစွာ ရှိနေတာ မဟုတ်ဘဲ ကမ္ဘာပေါ်ရှိ နိုင်ငံ အသီးသီးက လုပ်ငန်း တွေမှာပါ ICT ကဏ္ဍရဲ့ တိုးတက် ဖွံ့ဖြိုးမှုဟာ ၃၀ ရာခိုင်နှုန်း သာရှိနေ သေးတာ ဖြစ်ပါတယ်။

ဒီလို ICT နဲ့ လုပ်ငန်း ကဏ္ဍတွေမှာ တိုးတက် ဖွံ့ဖြိုးဖို့ လိုအပ်နေ တာဟာ နည်းပညာပိုင်းကြောင့် မဟုတ်ဘဲ လူသားရင်းမြစ် တွေကြောင့်သာ အခုလို လိုအပ်ချက်တွေ ရှိနေတာ ဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါ လိုအပ်ချက် တွေကို ဖြည့်တင်းဖို့ လုပ်ဆောင်ရာ မှာလည်း ICT အဖွဲ့အစည်းကြီး တစ်ခုလုံး သက်ဆိုင်နေတာ ဖြစ်ပါတယ်။ အဲ့ဒီ အတွက် လူသား အရင်းအမြစ်၊ စီးပွားရေး၊ စက်ရုံ စတာတွေ အားလုံး အတွက် ဖွံ့ဖြိုးပြီး မှန်ကန်တဲ့ ဆောင်ရွက်မှု တွေကို လုပ်ဆောင်ဖို့ လိုအပ် တယ်လို့ သိရပါတယ်။

ဒါ့အပြင် လာမယ့်နှစ် အနည်းငယ် အတွင်း ရောက်ရှိ လာမယ့် အာဆီယံ စီးပွားရေး အသိုက်အမြုံ မှာလည်း နိုင်ငံတကာ စီးပွားရေး လုပ်ငန်းတွေနဲ့ ယှဉ်ပြိုင် နိုင်အောင် ပြည်တွင်းရဲ့ စီးပွားရေး လုပ်ငန်းတွေ အားလုံးကို အခုအချိန် ကတည်းက ICT နဲ့ ချိတ်ဆက်ကာ ကြိုးစားပြုပြင် ထားဖို့ များစွာ လိုအပ်တယ်လို့ သိရပါတယ်။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့