Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Thursday 19 July 2012

နိုင်ငံခြား ကုမ္ပဏီများ ပြည်တွင်း၌ တဟုန်ထိုး ဖွင့်လှစ်မှု များပြားလာ

အမျိုးသား စီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ၀န်ကြီး ဌာနမှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောပြချက် အရ ယခု ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ် အတွင်း မြန်မာနိုင်ငံသို့
လာရောက် ဖွင့်လှစ်တဲ့  နိုင်ငံခြား ကုမ္ပဏီများနဲ့ ရုံးခွဲများဟာ တဟုန်ထိုး ဖွင့်လှစ်မှု များပြား လာတယ်လို့ သိရပါတယ်။ ဒီလို လာရောက် ဖွင့်လှစ် ရာတွင် ပြီးခဲ့တဲ့ ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်က နိုင်ငံခြား ကုမ္ပဏီပေါင်း ၄ ခု လာရောက် ဖွင့်လှစ်ခဲ့ပြီး ယခု ဘဏ္ဍာနှစ် ၂၀၁၂-၂၀၁၃ ခုနှစ် ပထမ ၃ လ အတွင်း မှာတော့ ကုမ္ပဏီပေါင်း ၄၈ ခု လာရောက် ဖွင့်လှစ်ခဲ့ပြီး ဖြစ်တယ်လို့ သိရပါတယ်။

ဒီလို လာရောက် ဖွင့်လှစ်မှု များပြာ လာရခြင်းဟာ ယခု အစိုးရသစ် လက်ထက်မှာ ပြုပြင် ပြောင်းလဲမှု တွေကြောင့် စီးပွားရေး အခွင့်အလမ်းများ ပိုမိုပွင့်လင်း လာတဲ့ အတွက် ဖြစ်ပါတယ်။ အဲ့ဒီလို ဖွင့်လှစ်မှုဟာ အာဆီယံ နိုင်ငံများ သာမက ဥရောပ နိုင်ငံများကပါ မြန်မာနိုင်ငံမှာ လာရောက် လေ့လာမှုများနဲ့ ရင်းနှီး မြှုပ်နှံမှုများ ပြုလုပ်လာ တာဖြစ်ပြီး ယခင်နှစ် များထက် ပိုမိုများပြား လာတာ ဖြစ်ပါတယ်။ ဒီလို ပြည်ပမှ လာရောက် ဖွင့်လှစ်တဲ့ ကုမ္ပဏီ အများစုမှာ စင်ကာပူ နိုင်ငံမှ အများဆုံး လာရောက် ဖွင့်လှစ်တာ ဖြစ်ပြီး ဂျပန်၊ ကိုရီးယား၊ မလေးရှား၊ ဗီယက်နမ်၊ ထိုင်ဝမ်၊ ဟောင်ကောင်၊ တရုတ်၊ ကမ္ဘောဒီးယားနဲ့ ကနေဒါ၊ သြစတြေးလျ အစရှိတဲ့ နိုင်ငံများက လာရောက် ဖွင့်လှစ်ကြတာ ဖြစ်တယ်လို့ သိရပါတယ်။

အဲ့ဒီလို ဖွင့်လှစ်ပြီး လုပ်ငန်းများ လုပ်ဆောင်ရာမှာ ၀န်ဆောင်မှု လုပ်ငန်းကို အများဆုံး လုပ်ကိုင်တာ ဖြစ်ပြီး စက်မှုကုန်ထုတ် လုပ်ငန်းများ၊ ဟိုတယ်နှင့် ခရီးသွား လုပ်ငန်းများနဲ့၊ ဆောက်လုပ်ရေး လုပ်ငန်းများ အစရှိတဲ့ လုပ်ငန်းတွေ လုပ်ကိုင်တာ ဖြစ်ပါတယ်။ ယခုအချိန် အထိ ကိုတော့ ပြည်တွင်းမှာ နိုင်ငံခြား ကုမ္ပဏီ တစ်ထောင်သုံးရာ ငါးဆယ့်ခြောက်ခု ဖွင့်လှစ်ထားပြီး ဖြစ်တယ်လို့ သတင်း ရရှိပါတယ်။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့