Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Thursday 19 July 2012

ရန်ကုန်မြို့တွင်း အမှိုက်ကန်များ ထပ်မံဆောက်လုပ်

ရန်ကုန်မြို့တွင်း မှာနေထိုင်တဲ့ ပြည်သူများ အမှိုက်များကို စနစ်တကျ စွန့်ပစ် နိုင်စေဖို့ ရည်ရွယ်ပြီး အမှိုက်ကန် များကို ထပ်မံ ဆောက်လုပ် လျက်ရှိတယ်လို့
ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဌာနမှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောကြားချက် အရ သိရပါတယ်။ ဒီလို အမှိုက် ကန်များ ထပ်မံ ဆောက်လုပ် ရာမှာ ရန်ကုန် အရှေ့ပိုင်း ခရိုင်မှာ ၅၆ ကန်၊ ရန်ကုန် အနောက်ပိုင်း ခရိုင်မှာ ၂ ကန်၊ ရန်ကုန်တောင်ပိုင်း ခရိုင်မှာ ၈ ကန်၊ ရန်ကုန် မြောက်ပိုင်း ခရိုင်မှာ ၁၃ ကန် စုစုပေါင်း ၇၉ ကန် ထပ်မံ တည်ဆောက် သွားမှာ ဖြစ်ပါတယ်။

အဲ့ဒီလို ဆောက်လုပ်ရာမှ ရန်ကုန် အရှေ့ပိုင်း ခရိုင်မှာ အမှိုက်ကန် ၅၀ ကျော် ဆောက်လုပ် ရခြင်းဟာ အဲ့ဒီနေရာ တွေဟာ ဒဂုံမြို့သစ်တွေ ဖြစ်တဲ့အတွက် အခုလို ဆောက်လုပ် ရတာ ဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါ တည်ဆောက်မယ့် အမှိုက်ကန်များရဲ့ အကျယ်အ၀န်းဟာ ၅ ပေ၊ ၇ ပေ ၁၀ ရှိပြီး လက်ရှိမှာတော့ အမှိုက်ကန် အချို့ကို စတင် တည်ဆောက် နေပြီး ဖြစ်တယ်လို့ သိရပါတယ်။ ဒါ့အပြင် လက်ရှိမှာ ရန်ကုန်တိုင်း ဒေသကြီး အတွင်း ဆောက်လုပ် ထားတဲ့ အုတ်အမှိုက်ကန် စုစုပေါင်း ၅၉၂ ကန် ရှိတယ်လို့ သိရပါတယ်။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့