Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Thursday 23 May 2013

ပြည်လုံးကျွတ် သန်းခေါင် စာရင်းကို ဒေသခံ ဆရာ၊ ဆရာမများနှင့် ကောက်ယူ သွားရန်ရှိ


ပြီးခဲ့တဲ့ လပိုင်းက စမ်းသပ် သန်းခေါင် စာရင်း ကောက်ယူရာမှာ အခက်အခဲတွေ အနေနဲ့ ဘာသာစကား အခက်အခဲများ တွေ့ကြုံ ခဲ့ရတယ်လို့ သိရပါတယ်။
ဒါ့ကြောင့် လာမယ့် ၂၀၁၄ ခုနှစ်မှာ ကောက်ယူမယ့် ပြည်လုံးကျွတ် သန်းခေါင် စာရင်းမှာ ဘာသာ စကား အခက်အခဲကို ဖြေရှင်းနိုင်ဖို့ အတွက် ဒေသခံ ဆရာ၊ ဆရာမတွေ နဲ့သာ ကောက်ယူ သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

ယခု စမ်းသပ် သန်းခေါင်း စာရင်း ကောက်ယူခဲ့ရာမှာ တွေ့ကြုံခဲ့ရတဲ့ အခက်အခဲ တွေကို လေ့လာ သုံးသပ်ပြီး လာမယ့် ပြည်လုံးကျွတ် သန်းခေါင် စာရင်း အတွက် ပြင်ဆင် သွားမှာ ဖြစ်တယ်လို့ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောပြချက် အရ သိရပါတယ်။ ဒါ့အပြင် အခုလို ကောက်ယူရာမှာ လိုအပ်တာ တွေကိုလည်း ထပ်မံ ထည့်သွင်း သွားဖို့နဲ့ စမ်းသပ် သန်းခေါင် စာရင်း ကောက်ယူ ခဲ့စဉ်က အခက်အခဲ တွေကို အတွေ့အကြုံ ယူပြီး ထပ်မံမွမ်းမံ သွားမှာ ဖြစ်တယ်လို့လည်း သိရပါတယ်။

ဒါ့အပြင် စာရင်း ကောက်ယူရာမှာ ဒေသခံ ဆရာ၊ ဆရာမများ အရေအတွက် လောက်ငှမှု မရှိခဲ့ပါ ကလည်း ဘာသာစကား အခက်အခဲကို ဖြေရှင်းနိုင်ဖို့ အတွက် တိုင်းရင်းသား ဘာသာပြန် တွေကို ဒေသအလိုက် ထားပြီး ကောက်ယူ သွားဖို့ရှိတာ ဖြစ်တယ်လို့ သိရပါတယ်။ ယခုလို ကောက်ယူ သွားမယ့် ပြည်လုံးကျွတ် သန်းခေါင်စာရင်း အတွက် လူတစ်ဦးကို အမေရိကန် ၁ ဒေါ်လာနှုန်း ကျသင့်မှာ ဖြစ်တယ်လို့ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ အင်အား ၀န်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောပြချက် အရ သိရပါတယ်။
   

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့