Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Wednesday 22 May 2013

ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ် အများနှင့် သက်ဆိုင်သော ကုမ္ပဏီ လီမိတက် ဖွဲ့စည်း တည်ထောင်ပြီးဖြစ်

ဆောက်လုပ်ရေးနှင့် အိမ်ရာ ဖွံ့ဖြိုးရေးဘဏ် အများနှင့် သက်ဆိုင်တဲ့ ကုမ္ပဏီ လီမိတက်ကို မြန်မာနိုင်ငံ ကုမ္ပဏီများ အက်ဥပဒေ နဲ့အညီ မေလ ၈ ရက်နေ့က
ဖွဲ့စည်း တည်ထောင် လိုက်ပြီဖြစ် တယ်လို့ အဆိုပါ ကုမ္ပဏီ လီမိတက်ရဲ့ ဒါရိုက်တာ ဘုတ်အဖွဲ့မှ သတင်းများ အရ သိရပါတယ်။ အဆိုပါ ဆောက်လုပ်ရေးနှင့် အိမ်ရာ ဖွံ့ဖြိုးရေးဘဏ် အများနှင့် သက်ဆိုင်သော ကုမ္ပဏီ လီမိတက်ကို သက်ဆိုင်ရာ တည်ဆဲ ဥပဒေ၊ မြန်မာနိုင်ငံတော် ဗဟိုဘဏ် ဥပဒေ၊ ငွေရေးကြေးရေး အဖွဲ့အစည်းများ ဆိုင်ရာ ဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်း လုပ်ထုံး လုပ်နည်း များနှင့်အညီ ဆောက်လုပ်ရေး နှင့် အိမ်ရာ ဖွံ့ဖြိုးရေး လုပ်ငန်းများကို ဆောင်ရွက် သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။


ဒါ့အပြင် ကုမ္ပဏီမှာ အများပြည်သူများ ပါဝင်နိုင်စေဖို့ အတွက် အစုရှယ်ယာ တစ်စုကို ကျပ် တစ်သောင်း ကျပ်သတ်မှတ် ထားတယ်လို့ သိရပါတယ်။ အဆိုပါ အများပြည်သူ တို့ရဲ့ အစုရှယ်ယာ များကိုတော့ မကြာမီ ကာလ အတွင်း ဖိတ်ခေါ်ကာ ရောင်းချ သွားမှာ ဖြစ်တယ်လို့ သတင်း ရရှိပါတယ်။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့