Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Wednesday 22 May 2013

ဗုဒ္ဓ၏ ဓမ္မအမွေပရိယတ် စာပေပွဲတော် ပြသလျက်ရှိ

သတ္တမ အကြိမ်မြောက် ပြသ လျက်ရှိတဲ့ ဗုဒ္ဓ၏ ဓမ္မအမွေပရိယတ် စာပေ ပွဲတော်ကို ရန်ကုန်မြို့ရှိ အင်းဝ စာအုပ်တိုက်မှာ မေလ ၂၁ ရက်နေ့မှ ၂၇ ရက်နေ့
အထိ ပြသ ရောင်းချ လျက်တယ်လို့ သိရပါတယ်။ အဆိုပါ ပြပွဲမှာတော့ ထင်ရှား ကျော်ကြားတဲ့ ဆရာတော်ကြီးများ၊ လူပုဂ္ဂိုလ်များ ပြုစုခဲ့တဲ့ မြတ်ဗုဒ္ဓစာပေများကို ပြသ ရောင်းချ နေတာ ဖြစ်ပါတယ်။ စာအုပ်ဈေးနှုန်း များကတော့ စာအုပ် အမျိုးအစား အလိုက် ဈေးနှုန်း အမျိုးမျိုး ရှိတယ် လို့လည်း သိရပါတယ်။

ယခုလို ဗုဒ္ဓစာပေ ပွဲတော် ကိုတော့ နှစ်စဉ် နှစ်တိုင်း ကျင်းပ လျက်ရှိပြီး ၀ယ်ယူသူများ အတွက် ဘုန်းကြီးကျောင်းများ၊ ရိပ်သာများ၊ ဘုရားစောင်းတန်း များမှာသာ ရနိုင်တဲ့ ဓမ္မစာပေများကို တစ်နေရာတည်းမှာ စုံလင်စွာ ရရှိနိုင်ဖို့ အတွက် အဆိုပါ ဈေးရောင်း ပွဲတော်ကို ပြုလုပ်ရတာ ဖြစ်တယ် လို့သိရှိရပါတယ်။
 

   

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့