Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Wednesday 10 July 2013

မလေးရှား နိုင်ငံမှ မြန်မာလုပ်သား ၁၅၀၀ ကျော် ပြန်လည်ရောက်ရှိ နေပြီဖြစ်


မလေးရှား နိုင်ငံမှာ သွားရောက် လုပ်ကိုင်တဲ့ ပြည်တွင်းမှ မြန်မာ လုပ်သားတွေ အနေနဲ့ ပြီးခဲ့တဲ့ ဇွန်လက မလေးရှားမှာ ဖြစ်ပွားခဲ့တဲ့ ကိစ္စရပ်များကြောင့်
ပြည်တွင်းသို့ ပြန်လည်ရောက် ရှိခဲ့ပြီး ဖြစ်ရာ မြန်မာလုပ်သား ၁၅၀၀ ကျော် ပြန်လည် ရောက်ရှိနေပြီ ဖြစ်တယ်လို့ ရန်ကုန်အပြည် ပြည်ဆိုင်ရာ လေဆိပ်ရဲ့ စစ်တမ်း ကောက်ယူချက်များ အရ သိရပါတယ်။ အခုလို ကောက်ယူ ထားတဲ့ စစ်တမ်းတွေ အရ မလေးရှား နိုင်ငံမှ ပြန်လည် ရောက်ရှိလာ သူတွေ အနေနဲ့ အမျိုးသား တစ်ထောင့် နှစ်ရာ ခုနှစ်ဆယ့်ရှစ်ဦးနဲ့ အမျိုးသမီး ၃၆၂ ဦး ဖြစ်တယ်လို့ သိရပါတယ်။
 
ရောက်ရှိလာတဲ့ လုပ်သားများထဲမှ ပြည်တွင်းမှာ အလုပ်လုပ်ဖို့ လျှောက်ထားသူ ၂၃၇ ဦး အနက်မှ ၂၁၇ ဦး ကိုလည်း ကုမ္ပဏီတွေနဲ့ ချိတ်ဆက်ပြီး အလုပ်အကိုင် ရရှိအောင် လုပ်ဆောင်ပေးပြီး ဖြစ်တယ်လို့ နေပြည်တော်ရှိ လုပ်သားရေးရာ ဖြေရှင်းပေးနေတဲ့ Call Center မှ သိရပါတယ်။
 
အဆိုပါ Call Center အနေနဲ့လည်း လုပ်သားတွေရဲ့ အရေးကိစ္စတွေကို ဖြေရှင်း ပေးလျက် ရှိနေပြီး မလေးရှားမှ ပြန်လည် ရောက်ရှိလာတဲ့ လုပ်သားတွေရဲ့ ကိစ္စတွေ အပြင် ထိုင်းနိုင်ငံရှိ လုပ်သားတွေ လုပ်ငန်းခွင် အဆင်မပြေလို့ တိုင်ကြားမှု တွေကိုလည်း ထိုင်းနိုင်ငံမှာ ထားရှိ ထားတဲ့ အလုပ်သမား သံအရာရှိတွေနဲ့ ချိတ်ဆက်ပြီး ဖြေရှင်းမှုတွေ ပြုလုပ်ပေးလျက် ရှိတာ ဖြစ်တယ်လို့ သိရပါတယ်။ အခုလို အလုပ်သမားရေးရာ ကိစ္စတွေ ဖြေရှင်းပေးတဲ့ Call Center တွေကိုလည်း နေပြည်တော်နဲ့ ရန်ကုန်မှာ ထားရှိပြီး ဖြစ်တယ်လို့ သိရပါတယ်။
 
 
 
 
 
 

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့